ရိုးမားကို တစ်ရာသီအငှားနဲ့ ထွက်ခွာသွားပါပြီ။

အာဆင်နယ်အသင်းရဲ့ ကျောနံပါတ် ၇ ဂျာစီကို နောက်ဆုံးဝတ်ဆင်ခဲ့သူက အမ်ခီတာယန်းနဲ့ အလဲအထပ် ပြုလုပ်ခဲ့တဲ့ အလက်ဆစ် ဆန်းချက်ဖြစ်ပြီး အဲ့မတိုင်ခင် ရိုဆစ်စကီးက ကာလရှည် စွဲမြဲစွာ ဝတ်ဆင်ခွင့်ရထားခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ အာမေးနီးယား တိုက်စစ်မှူးအမ်ခီတာယန်းကတော့ အီတလီ စီးရီးအေ ကလပ် ရိုးမား အသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနိုင်ဖို့အတွက် ဒီကနေ့မှာဆေးစစ်မှု ခံယူသွားတော့မှာပါ။



ဒီကနေ့ ဒေသစံချိန် နံနက် ၁၀ နာရီလောက်က ရိုးမားကို ရောက်ရှိသွားခဲ့ပြီး ဆေးစစ်မှု ခံယူမယ်လို့ Daily Mail ကဖော်ပြလာတာပါ။

ရိုးမားအသင်းအနေနဲ့ အငှားစရိတ်အပြင် အမ်ခီတာယန်းအတွက် လုပ်ခလစာကိုလည်း ပေးချေရမယ်လို့ သိရပါ တယ်။

အမ်ခီတာယန်းကတော့ ဆန်းချက်ကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့အတွက် အလဲအထပ် ပြုလုပ်ခဲ့ရတဲ့သူ ဖြစ်ပြီး အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားနေသူပါ။

သူ့အနေနဲ့ ပြီးခဲ့တဲ့ စပါးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အရန်လူစာရင်းကနေ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် အပိုင် အခွင့်အရေး အချို့ကို အသုံးမပြုနိုင်ခဲ့ပါဘူး။

အာဆင်နယ်အသင်းမှာတော့ ကျောနံပါတ် ၇ ကို အမ်ခီတာယန်းမတိုင်ခင် ဆန်းချက်က ဝတ်ဆင်ခဲ့ပြီး အာဆင်နယ် အသင်းနဲ့အတူ အက်ဖ်အေဖလားရရှိခဲ့တဲ့အပြင် သွင်းဂိုးတွေနဲ့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အလားတူ ဆန်းချက်အရင် ရိုဆစ်စကီးကလည်း အာဆင်နယ်ရဲ့ ဂန္တဝင်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

အခုချိန်မှာတော့ အာဆင်နယ်အသင်းရဲ့ ကျောနံပါတ် ၇ ဂျာစီက တစ်ရာသီစာလစ်လပ်သွားတော့မှာ ဖြစ်ပြီး ဘယ် ကစားသမားက တောင်းဆို ဝတ်ဆင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

လက်ရှိ အာဆင်နယ်အသင်း ဒီရာသီမှာ အသစ်ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေထဲမှာ ရီရဲက အငှားနဲ့ ခေါ် ထားတဲ့ စီဘယ်လော့စ်ကတော့ ယခင် အာဆင်နယ်အသင်းမှာ နာဆရီ၊ရမ်ဆေးတို့ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံ ပါတ် ၈ ဂျာစီကို ဝတ်ဆင်နေပြီး တိုက်စစ်မှူး ပီပီ ကတော့ ဝီးလ်ရှိုင်းယား၊ကာဇိုလာတို့ ဝတ်ဆင်ခဲ့ဖူးတဲ့ နံပါတ် ၁၉ ဂျာစီကို ဝတ်ဆင်ကစားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က