ခင်လှိုင်ဟာ သားသမီးတွေ လိမ္မာမှုသာမက မြေးလေးဆီမှာပါ အကျင့်ကောင်းလေးတွေရှိလို့ ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းပြောပြလာပါတယ်။
Photo: Khin Hlaing
ခင်လှိုင်ကတော့ သူ့ရဲ့ သားသမီး (၃) ယောက်စလုံးရဲ့ သိတတ်လိမ္မာမှုတွေကို အမြဲပြောပြလေ့ရှိသူ တစ်ယောက်ပါ။ သားကြီးကနေစပြီး မြေးလေးအထိ အကျင့်ကောင်းလေးတွေ ကူးစက်သွားလို့ ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။
ခင်လှိုင်ဟာ အနုပညာအလုပ်တွေနဲ့သာ မိသားစု ဝမ်းစာကို ရှာဖွေစုဆောင်းခဲ့သူ ဖြစ်ပါတယ်။ အရမ်းဝါသနာပါတဲ့ အလုပ်ဖြစ်လို့လည်း အောက်ခြေကနေစပြီး ကြိုးစားခဲ့တာဖြစ်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အနုပညာအမွေကို သားဖြစ်သူ နေရဲ နဲ့ သမီးငယ်လေး သဇင်ထူးမြင့်က ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း သရုပ်ဆောင် နေရဲ နဲ့ သရုပ်ဆောင် သဇင်ထူးမြင့်တို့ဟာ အနုပညာအလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေရပြီဖြစ်ပါတယ်။
Photo: Khin Hlaing
ခင်လှိုင်ဟာ မိသားစုအတွက် အိမ်ထောင်ဦးစီးတစ်ယောက်လည်း ဖြစ်သလို သားသမီးတွေကို ဆုံးမတဲ့ အရာတွေမှာလည်း သေသေချာချာ သွန်သင်ပြောပြလေ့ရှိတယ်လို့သိရပါတယ်။ မိဘနဲ့ သားသမီး ပွင့်ပွင့်လင်းလင်း ရှိနေသင့်တယ်လို့လည်း သူက ပြောပါတယ်။
“သူတို့ ငယ်ငယ်တုန်းက မိန်းမကသူတို့ကို ရွှေဆွဲကြိုးဆင်တယ်။ ကိုယ်က မဆင်နဲ့ ကလေးဆိုတာ ပျောက်သွားတတ်တယ်လို့ပြောတယ်။ တကယ်လည်း ပျောက်တယ်။ ပျောက်ရင် နင်မရိုက်နဲ့ နင် ဆင်ထားတာ နင့်အမှားပဲ။ အခုဆို ကျွန်တော့်သားသမီးတွေက ကျွန်တော့်ကိုဆို ပွင့်လင်းတယ်။ ငယ်ငယ်တုန်းကဆိုရင် ပြဿနာတစ်ခုခုဖြစ်ရင် အိမ်မပြန်ရဲခဲ့ဘူး။ သားသမီးတွေအပေါ် ကိုယ်နဲ့ ယှဉ်ပြီးတော့ အမြဲတမ်းတွေးတယ်” ဆိုပြီးတော့ မတ်လ ၁၃ ရက်နေ့က Media 7 နဲ့ အနုပညာရှင်များစွာတို့ စာချုပ်ချုပ်ဆိုတဲ့ ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Khin Hlaing
ခင်လှိုင်ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။