အမျိုးသားစာပေဆုရှင် နတ်မောက်ထွန်းရှိန် ကွယ်လွန်

အမျိုးသားစာပေရှင် စာရေးဆရာ သတင်းစာဆရာကြီးနတ်မောက်ထွန်းရှိန်ဟာ အသက် ၈၄ နှစ်အရွယ်မှာပဲ မန္တလေးမြို့မှာကွယ်လွန်အနိစ္စရောက်ခဲ့ပါ တယ်။

နို၀င်ဘာလ ၃၀ ရက်နေ့ နေ့လယ် ၃ နာရီခွဲအချိန်ခန့်ကအမျိုးသားစာပေရှင် စာရေးဆရာ သတင်းစာဆရာကြီးနတ်မောက်ထွန်းရှိန်ဟာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး နှလုံးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်အနိစ္စရောက်ခဲ့တာဖြစ်ပြီး နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဆရာကြီးရဲ့သားအငယ်ဆုံးဖြစ်တဲ့ကိုမင်းမင်းက Duwun ကိုပြောပါတယ်။

မြန်မာစာပေလောကရဲ့ သုတေသီဆရာကြီးတစ်ဦးလည်းဖြစ်တဲ့ ဆရာကြီးနတ်မောက်ထွန်းရှိန်ကို မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘော်အိုင် ကျေးရွာနေ ဦးကျော်ဟန်ဒေါ်ညိုလေးတို့က ၁၉၃၈ ခုနှစ်ကမွေးဖွားပေးခဲ့တာဖြစ်ပြီး ဆရာကြီးဟာ မွေးချင်း ၈ ယောက်ထဲကမှ တတိယမြောက်သား ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက စာပေလောကပျော်မွေ့ရင်း စာပေသတင်းဆောင်းပါးတွေရေးသားခဲ့တာမှာ ဆောင်းပါးပေါင်းခုနှစ်ရာကျော်နဲ့လုံးချင်း ၉ အုပ်ဂထုတ်ဝေခဲ့ဖူးပြီး ဒီအထဲကမှ ရတနာပုံမန္တလေး နိပါတ်ပန်းချီကျော်များနှင့် ဗုဒ၀င်ပညာပေးမြန်မာ့နိပါတ်ပန်းချီလက်ရာများ စာအုပ်နဲ့ ၀င်းတွေနှင့်တည်ခဲ့သည့် မင်းနေပြည်စာအုပ်တို့က အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။ ဆရာကြီးဟာတခြားသောစာပေဆိုင်ရာဆုတွေလည်းရရှိခဲ့ဖူးတာမှာ အဲဒီထဲကမှ ထွန်းဖောင်ဒေးရှင်းကပေးအပ်တဲ့ထွန်းဖောင်းဒေးရှင်းစာပေဆုရ မန္တလေးခေတ်ပိဋကတ်စာအုပ်များစာအုပ်ကလည်း မြန်မာစာပေလောကအတွက် တန်ဖိုး ထိုက်တဲ့စာအုပ်တစ်အုပ်ဖြစ်တယ်လို့သိရပါတယ်။

ဆရာကြီးဟာ သူ့ခေတ်သူ့အခါတုန်းကတည်းက ရတနာပုံသတင်းစာ၊ လုပ်သားသတင်းစာ၊ ဟံသာ၀တီသတင်းစာနဲ့ဂျာနယ်တော်တော်များများမှာ စာတည်းမှူးသတင်းစာဆရာဘ၀နဲ့ဖြတ်သန်းကျင်လည်ရင်း ကွယ်လွန်ချိန်အထိ မန္တလေးနေ့စဉ်သတင်းစာရဲ့အယ်ဒီတာချုပ်အဖြစ်စာပေတာ၀န်ထမ်း ဆောင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က