အဲဗာတန်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။

လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဖာမီနိုဟာ လာမယ့် ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ အလျင်စလို ပြန်လည်ပွဲထွက်ကစားသွားမှာမဟုတ်ဘဲ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်မှသာ ပြန်လည်ကြံ့ခိုင်လာဖွယ်ရှိတယ်လို့ ယာဂင်ကလော့ပ်က ပြောကြားခဲ့ပါတယ်။

ဖာမီနိုရဲ့ ဒဏ်ရာဟာ အစပိုင်းက စိုးရိမ်ခဲ့ရသလောက်အထိ မဆိုးရွားဘူးလို့ သိရပြီး ယခုအပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာလိမ့်မယ်လို့ နည်းပြ ယာဂင်ကလော့ပ်က မျှော်လင့်နေတာဖြစ်ပါတယ်။



ဖာမီနိုဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ ပြေးလွှားနေစဉ် ကိုယ်ဟန်အနေအထား ပျက်ခဲ့တာကြောင့် မတော်တဆခြေချင်းဝတ်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

ဖာမီနိုရဲ့ဒဏ်ရာကို အဲဗာတန်နဲ့ပွဲစဉ်မတိုင်မီ အကဲဖြတ်စစ်ဆေးနိုင်မယ့် အခွင့်အရေးရရှိခဲ့ပြီဖြစ်တဲ့အတွက် လီဗာပူးအသင်းဟာ ယခုအပတ်မှာ ယှဉ်ပြိုင်ကစားမယ့် အဲဗာတန်နဲ့ပွဲစဉ်မှာ ဖာမီနို ပြန်လည်ကစားနိုင်မယ့် အခွင့်အရေးနဲ့ပတ်သက်ပြီး အကောင်းမြင်နေတာဖြစ်ပါတယ်။

“သူ့ကို ကြည့်ရတာတော့ ကောင်းပါတယ်။ ကျွန်တော်တို့တွေ ကံကောင်းသွားတယ်ဆိုတာ ထင်ရှားပါတယ်”

“ကျွန်တော်တို့ ပထမတုန်းက တွေးခဲ့သလို အရမ်းမပြင်းထန်ပါဘူး”

“တကယ်လို့ ဘော်ဘီသာ လဲကျပြီး ကွင်းထဲက ထွက်ခွာရတယ်ဆိုရင် အဲဒါက ဆိုးရွားတဲ့လက္ခဏာပဲ။ ဘာလို့လဲဆိုတော့ သူက အရမ်းမာတဲ့ကောင်လေးလေ”

“ကျွန်တော်တို့ မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားရပါမယ်။ အဲဒီပွဲစဉ်မှာ ပါဝင်ကစားဖို့အတွက် အရမ်းနီးစပ်ပါတယ်။ ဒါပေမယ့် ဒါဘီပွဲစဉ်အတွက်လည်း ကြီးမားတဲ့အခွင့်အရေးရှိနေပါတယ်”

“ဘာလို့လဲဆိုတော အဲဒါက ဘော်ဘီမို့လို့ပါ။ ကျွန်တော်ကတော့ ဟုတ်တယ်လို့ပဲ ပြောမှာပါ။ဒါပေမယ့် ကျွန်တော်တို့ အဲဒီအခွင့်အရေးကို အသုံးချမလားဆိုတာတော့ မသိပါဘူး။ သူ တနင်္ဂနွေနေ့မှာ ကစားပြီး ဗုဒ္ဓဟူးနေ့မှာ ချက်ချင်းပြန်ကစားဖို့ကြတော့”

“ဒါပေမယ့် သူ လျင်လျင်မြန်မြန် ပြန်လည်သက်သာလာရင်တော့ ဘော်ဘီကို လူစာရင်းထဲမှာ မထည့်သွင်းတာဟာ ကြီးမားတဲ့အမှားဖြစ်သွားပါလိမ့်မယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က