စက်တင်ဘာမှာ ထွက်တော့မှာတဲ့။

 

Photo : ပိုပို FB

 

၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ အဆိုတော် ပိုပိုရဲက  Master Piece စီးရီးခွေကို မကြာခင်မှာ MTV အဖြစ် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အမိုက်စား ရိုက်ကူးမှုတွေ ပါဝင်ထားတဲ့ ပိုပိုရဲ့ Master Piece MTV & DVD အခွေကို စက်တင်ဘာ(၉)ရက်နေ့မှာ The Sun ကနေ တဆင့် မြန်မာပြည်အနှံ့ ဖြန့်ချီသွားမှာ  ဖြစ်တယ်လို့ ပိုပိုကဆိုပါတယ်။

"Po Po ရဲ့ Master piece MTV & DVD အခွေ အမိုက်စား ရိုက်ချက်တွေ နဲ့ သီချင်းအလန်းစားတွေကို 9.9.2018 မှာ The Sun မှတဆင့် မြန်မာပြည်အနှံ ဖြန်ချီတော့မှာပါ။ အားပေးဖို့ ready ဘဲလား ချစ်လေးတို့" ဆိုပြီး သြဂုတ်လ(၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ပိုပို FB

 

ပိုပိုဟာ အခွေထွက်တဲ့နေ့မှာလည်း ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါသေးတယ်။အခွေထွက်တဲ့ စက်တင်ဘာ(၉) ရက်နေ့မှာ  ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပရိုမိုးရှင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းပွဲမှာ ပိုပိုနဲ့အတူ အခြားသော အနုပညာရှင်များက ပရိသတ်တွေနဲ့ တွေ့ဆုံပြီး လက်မှတ်ရေးထိုးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပိုပိုအနေနဲ့ အခွေပရိုမိုးရှင်းကို ရန်ကုန်အပြင် မုံရွာ၊ မန္တလေး၊တို့မှာလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Photo : ပိုပို FB

ကံကောင်းစွာနဲ့ မိုင်းဖုန်းဆရာတော်ရဲ့ တရားတွေ နာခဲ့ရတဲ့ ပိုပို 

ပိုပိုဟာ  ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ် တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD ကိုလည်း အခုတစ်ခါ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo : ပိုပို FB

 

ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က