ရွှေလအတွက် စိတ်ချရပါပြီ။

တစ်ခေတ်တခါက နိုင်ငံကျော်အဆိုတော် သရုပ်ဆောင်မေရွက်ဝါက သူ့ရဲ့ အနုပညာမျိုးဆက်သစ်ဖြစ်တဲ့ သမီးဖြစ်သူ ဆန်းသစ် လ ရဲ့ အချစ် ရေးနဲ့ ပတ်သက်ပြီး အခုလိုပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။သူ့ အနေနဲ့ သားမက်လောင်း ကိုဝင်းမြတ်ကို သား အရင်းတစ်ယောက်လိုပဲ သဘောထားတယ်လို့ ဆိုပါတယ်။

Photo: San Thit La Fb

 

တစ်ခေတ်တခါက နိုင်ငံကျော်အဆိုတော် သရုပ်ဆောင်မေရွက်ဝါက သူ့ရဲ့ အနုပညာမျိုးဆက်သစ်ဖြစ်တဲ့ သမီးဖြစ်သူ ဆန်းသစ်လရဲ့ အချစ် ရေးနဲ့ ပတ်သက်ပြီး အခုလိုပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဆန်းသစ်လရဲ့ အချစ်ရေးအကြောင်းကို ပြန်ပြောရင်း အားကျမိတယ် လို့လည်း Duwun Media ကနေ ပြောပြခဲ့ပါသေးတယ်။

'' သူ့ရဲ့ အချစ်ရေးကတော့ သာသာယာယာပါပဲ။ ကိုယ်တောင်မှ အနှစ် ၃၀လောက်ပြန်ငယ်ရင် အဲ့ဒီလို အချစ်ရေးမျိုး ပြန်တောင် လိုချင် သေးတယ်။ အေးအေးဆေးဆေးပါပဲ၊ ပြောရမယ်ဆိုရင်တော့ အားကျတယ်ပေါ့'' ဆိုပြီးတော့ သဘောကျရင်း ဖြေဆိုခဲ့ပါတယ်။ မိခင်ရဲ့ ပြောစကားကြောင့် ဆန်းသစ်လ တစ်ယောက်လည်း အံ့သြဝမ်းသာဖြစ်ခဲ့ရပါသေးတယ်။

Photo: San Thit La Fb

 

ချစ်သူသက်တမ်း ၂ နှစ်ကျော် ကြာပြီဖြစ်တဲ့ အဆိုတော်ဆန်းသစ်လ နဲ့ ကိုဝင်းမြတ်တို့ ချစ်သူနှစ်ဦးကလည်း အရမ်းကို လိမ္မာရေးခြား ရှိသူတွေ ဖြစ်တယ်လို့ မေရွက်ဝါက ပြောပါတယ်။ သမီးဖြစ်သူ ဆန်းသစ်လအတွက်လည်း စိတ်ချရပြီဖြစ်တဲ့အကြောင်းကို သြဂုတ်လ ၄ ရက်နေ့က Aroma Wedding Fashion Show မှာ Duwun Media ကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

'' သူတို့ နှစ်ယောက်က ဖူးစာပါကြလို့ပေါ့နော်။ နှစ်ယောက်စလုံးက ဘာသာတရားလည်းကိုင်းရှိုင်းကြတယ်၊ လူကြီးမိဘတွေ အပေါ်မှာလည်း ရိုသေကြတာဆိုတော့ အန်တီ့အနေနဲ့ ရွှေလအတွက် မျက်စိမှိတ်လို့ရမယ်ဆိုရင် မှိတ်သွားလို့ရပါပြီ။ အေးအေးဆေးဆေးပါပဲလို့။ သားမက် လောင်းလို့လည်း မမြင်ဘူး အရင်တုန်းက ကွဲကွာသွားတဲ့ သားတစ်ယောက်လို့ပဲမြင်တယ်'' လို့ သူကဆိုပါတယ်။

အပျိုဖြန်းလေးလို ရင်ခုန်နေတဲ့ မေရွက်ဝါ 

Photo: San Thit La Fb

 

မေရွက်ဝါဟာ သားမက်လောင်းအပေါ်မှာလည်း အရမ်းကို နားလည်ပေးတဲ့ ယောက္ခမလောင်းတစ်ယောက်ဖြစ်ပါတယ်။သူ့ အနေနဲ့ သားမက်လောင်း ကိုဝင်းမြတ်ကို သားအရင်းတစ်ယောက်လိုပဲ သဘောထားတယ်လို့ ဆိုပါတယ်။

'' သားမက်လောင်းနဲ့ အန်တီက နေ့ချင်းလည်းတူတယ်၊ လက္ခဏာ အသွင်အပြင် အရမ်းတူတယ်။ စိတ်ဓာတ်ချင်းလည်းတူတယ်။ အန်တီ့ စိတ်ထဲ မှာ သူ့ကို ဆန်းသစ်လရဲ့ အမျိုးသားလို့ မတွေးမိဖူးဘူး။ ငါပျောက်သွားတဲ့ သားတစ်ယောက်လို့ပဲ မြင်တယ်။ သူ့ကိုလည်း သူစိမ်းတစ် ယောက်မိသားစုထဲဝင်လာတယ်လို့ တစ်ခါမှ မတွေးမိဖူးဘူး'' လို့ ပြောပါတယ်။

Photo: San Thit La Fb

 

အဆိုတော်မေရွက်ဝါဟာ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ ဝါးခယ်မ ရဲမောင်ရဲ့ သမီးဖြစ်ပါတယ်။ ဆန်းသစ်လ ကလည်း ဝါးခယ်မ ရဲမောင် ရဲ့ မြေးဦး၊ မေရွက်ဝါရဲ့ သမီးဦးဖြစ်ပါတယ်။ မေရွက်ဝါက အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့် သမီးကြီး ဆန်းသစ်လရဲ့ အနုပညာ လမ်းကြောင်း မှာ ပံ့ပိုးပေးနေတာကို တွေ့ရပါတယ်။

 

Share

Loading Next Article...
က္က