အချက်အလက်တွေ က အများကြီးပဲ။

ဂရေဟမ်က သမီးတွေအတွက် သမက်လောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အဓိက အချက်တွေကို ပြောပြလာပါတယ်။ လက်ရှိမှာ ယောက္ခမလို့ အခေါ်ခံနေရတဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း ဆက်လက် ပြောထားပါသေးတယ်။

Photo: ပန်းရောင်ခြယ်

အဆိုတော် ဂရေဟမ်မှာတော့ အရမ်းကို ချစ်စရာကောင်းပြီး လှပတဲ့ သမီးကြီး ပန်းရောင်ခြယ်နဲ့ ပန်းသွေးခြယ် တို့ ရှိပါတယ်။ ဒီ သမီးနှစ်ယောက်အတွက် မိဘနှစ်ပါးရဲ့ သမက်လောင်းရွေးချယ်ရေး အစီအစဉ်ကို မီဒီယာတွေကနေတဆင့် ဂရေဟမ်က ပြောခဲ့ပါတယ်။

‘’သမီးတွေက အခုချိန်ထိ ရည်းစားလည်း မရှိသေးဘူးပေါ့။ သမီးတွေကလည်းပြောပါတယ်၊ Daddy တို့လိုချင်တဲ့ အချက်အလက်က အရမ်းများတော့ အဲဒီလို လူမျိုးတွေနဲ့တွေ့ဖို့ သိပ်မလွယ်ဘူးထင်တယ်တဲ့။ မိဘတွေကလည်း အထွေအထူး မဟုတ်ပါဘူးလို့ဆိုပေမယ့် အချက် ၂၀ လောက်ဖြစ်နေတော့ သမီးတွေက အဲဒီလို ပြောတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: ပန်းရောင်ခြယ်

ဂရေဟမ်က သမက်လောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အဓိက အချက်တွေကိုလည်း ပြောခဲ့ပါသေးတယ်။ လှပတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာကြောင့်လည်း လိုက်ဖက်မှုက အဓိက ကျတယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့ က Joox Music Final ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ အဓိကကတော့ လူကောင်းသူကောင်းဖြစ်ဖို့ အရေးကြီးတာပါ။ ချမ်းသာတယ်၊ မချမ်းသာဘူးဆိုတာထက် ရိုးသားကြိုးစားရမယ်။ အဓိကက ရုပ်ရည်ကအစ၊ ပညာအရည်အချင်းကအစ အကုန်လုံးကတော့ အရေးကြီးတာပေါ့နော်။ နှစ်လွှာပေါင်းမှ တစ်ရွက်လို လိုက်ဖက်မှပဲ ကောင်းမှာပါ။ သမီးတွေကိုတော့ ပြောထားတယ် ရွေးချယ်ရတာတော့ သိပ်မရှိပါဘူး။ စာမျက်နှာ တစ်မျက်နှာစာပေါ့’’ လို့ သဘောကျရင်း ပြောပြလာပါတယ်။

Photo: ပန်းရောင်ခြယ်

ဂရေဟမ်နဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်တို့ဟာ လက်ရှိမှာ ဂီတအလုပ်တွေ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ဖျော်ဖြေပွဲတွေမှာလည်း သားအဖနှစ်ယောက် အတူတူ သီဆိုရတဲ့ အခါမျိုးဆို ယောက္ခမအခေါ်ခံနေရပြီလို့ ဆိုပါတယ်။

‘’ ယောက္ခမလို့ အခေါ်ခံရတာပေါ့။ အခုနောက်ပိုင်း သမီးနဲ့ ရှိုးတွေ တောက်လျှောက်သွားဖြစ်တယ်။ စိတ်မဆိုးပါဘူး။ ဒါကလည်း ယောက္ခမလို့ ခေါ်ကြမှာပဲလေ။ ချစ်စနိုးနဲ့ စတာလို့ပဲ မြင်ပါတယ်။ အသက် ၅၀ အရွယ်လောက်က ယောက္ခမလို့ခေါ်တာ သဘာဝမကျဘူး။ လူငယ်တွေအနေနဲ့ကတော့ ဖေ့စ်ဘွတ်မှာရေးတာတွေကလည်း ချစ်စနိုးနဲ့ရေးတယ်လို့ပဲ ထင်ပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ပန်းရောင်ခြယ်

ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်ကိုတော့ Wake Up Daddy ဆိုတဲ့ တေးစီးရီးကနေတဆင့် ပရိသတ်တွေ သိရှိလာကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပန်းရောင်ခြယ်ဟာ ဖခင်နဲ့ အတူ သီချင်းအသစ်တွေ ဖန်တီးဖြစ်နေတာကို တွေ့ရပါတယ်။ နောက်ဆုံးအနေနဲ့ Let it go ဆိုတဲ့ Music MTV လေးကို ၂၀၁၈ ခုနှစ်အတွင်းက ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က