တစ်နိုင်ငံလုံးက တစ်ဒေါင်းတည်း ဒေါင်းနေတာ။

နေခြည်ဦးက ယောကျ်ားလေး သူငယ်ချင်းများတာကြောင့် ပရိသတ်တချို့ရဲ့ ဝေဖန်မှုကို ကြုံတွေ့ဖူးတယ်လို့ ဆိုပါတယ်. အဲ့ဒီနောက် သူအရမ်းကြိုက်ခဲ့တဲ့ မင်းသား ဒေါင်း အပေါ် လက်ရှိခံစားချက်ကိုလည်း အခုလို ပြောပြထားပါတယ်.

Photo: နေခြည်ဦး



နေခြည်ဦးဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သူ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်. သူမ အနေနဲ့ ပွင့်ပွင့်လင်းလင်းနေတတ်သူဖြစ်သလို ယောကျ်ားလေး အပေါင်း အသင်းလည်း များတဲ့ သူပါ. ဒီလို ယောကျ်ားလေး သူငယ်ချင်းတွေ များတဲ့ အပေါ် ပရိသတ်တချို့ရဲ့ ဝေဖန်မှုတွေ ခံရတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်.

'' အစက လင်တရူးလို့ပြောတာ အဲ့ဒါကို နေခြည်သူငယ်ချင်းတွေက လင်တရူးလို့ ပြောတာ ရိုင်းတယ်တဲ့.ခင်မြဦး လို့ပြောတဲ့. ပြောလည်း ပြောချင်စရာပဲလေ ကိုယ့်မှာလည်း သူငယ်ချင်းက ယောကျ်ားလေးပဲ များတာကိုး မိန်းကလေးသူငယ်ချင်းဆိုလို့ တစ်ယောက် နှစ်ယောက်ပဲ ရှိတာဆိုတော့ ယောကျ်ားလေး အကုန်လုံးနဲ့ ဟိုလူနဲ့ပေးစား ဒီလူနဲ့ပေးစားဆိုတော့ နေခြည်ကိုယ်တိုင် နေခြည့်စိတ်ထဲမှာ သူငယ်ချင်းတွေကို ဘယ်လိုခင်တယ်ဆိုတာ သူငယ်ချင်းတွေ အသိဆုံးပါ''လို့ သူကဆိုပါတယ်.

Photo: နေခြည်ဦး

နေခြည်ဦးရဲ့ အကြိုက်ဆုံး မင်းသား တစ်ယောက်ကိုလည်း ပရိသတ်တွေ သိထားပြီးဖြစ်ပါတယ်. အဲ့ဒါကတော့ သရုပ်ဆောင် ဒေါင်း ဖြစ်ပါတယ်. လက်ရှိမှာတော့ မိန်းကလေး ပရိသတ် အများစုရဲ့ ပါးစပ်ဖျားမှာ ဒေါင်းက ရေပန်းစားနေတာကြောင့် အခုတော့ မကြိုက်တော့ဘူးလို့ ဆိုပါတယ်.

'' အခုတော့ မCrush တော့ဘူး လူတွေက အရမ်းCrush တော့ ကိုယ် မCrush တော့ဘူး. အရင်တုန်းကတော့ ကို ဒေါင်းကို အရမ်းCrush တာလေ ကိုဒေါင်းနဲ့ကြော်ငြာရိုက်မယ်ဆိုတော့ ပျော်နေတာလေ. အခုလည်းကျတော့ တစ်နိုင်ငံလုံးက ဒေါင်း ဒေါင်း ဆိုတော့ ကိုယ်သိပ် မ Crush တော့ဘူး.အရပ်ရှည်ရှည်ကောင်လေးတွေဆိုရင်တော့ ရင်ခုန်တယ်. '' ဆိုပြီးတော့ ကိုယ်ပွားရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်.

Photo: နေခြည်ဦး

အဲ့ဒီနောက် ပွင့်ပွင့်လင်းလင်းနဲ့ အပေါင်းအသင်းလည်းများတဲ့ နေခြည်ဦးက သူမနဲ့ စိုင်းစိုင်းခမ်းလှိုင် တို့ရဲ့ ဆက်ဆံရေးကို အခုလို ပြောပြလာပါတယ်. သူမဟာ Sai အလှကုန်ပစ္စည်း အတွက်ကိုလည်း ကြော်ငြာ ရိုက်ပေးခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်.

'' သူက ကိုယ့်ကို အသက်ကြီးသွားတော့ မကမ်းလှမ်းတော့ဘူးလေ. ဟုတ်တယ် သူက ကိုယ့်ကို အသက်ကြီးပြီပဲ ပြောတာ. ဒါပေမယ့် Sai အလှကုန်ပစ္စည်းအတွက်ကိုလည်း ကြော်ငြာ ရိုက်ပေးဖူးပါတယ်. ပြီးတော့ သူ့ရဲ့ မိတ်ကပ် Brand လေးကိုလည်း တောက်လျှောက် Promote လုုပ်ပေးနေတာပါ'' လို့ ဆက်လက်ပြောပြထားပါတယ်.

Photo: နေခြည်ဦး

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကာ းကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိလာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က