၄ ယောက်က ဝိုင်းရိုက်တာပါ။

အမြည်းခွက်ကို ဝင်တိုက်မိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝိုင်းဝန်းရိုက်နှက်တာကြောင့် အမျိုးသားတစ်ဦးသေဆုံးမှု ချမ်းမြသာစည်မြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့ မနက် ၁ နာရီ ခွဲလောက်က ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ ဒေါနခြံရပ်နေ တဲ့ အသက် ၁၉ နှစ်အရွယ် နေအောင်ဆိုသူဟာ သူ့ရဲ့ သူငယ်ချင်းကို လမ်းလျောက်ပြီး အိမ်ပြန်လိုက်ပို့ခဲ့ပါတယ်။

အဲ့ဒီလိုလိုက်ပို့စဉ်မှာ လမ်းဘေးမှာ ထိုင်သောနေတဲ့ အရက်ဝိုင်းအနီးမှ ဖြတ်သွားစဉ် အမြည်းခွက်ကို ခြေထောက်နဲ့ တိုက်မိခဲ့ပါတယ်။ ဒါကြောင့် တစ်ရပ်ကွက်တည်းမှာ နေထိုင်ကြတဲ့ အရက်ထိုင်သောက်နေသူ ၄ ယောက်က ဝိုင်းဝန်းထိုးကြိတ်တာကြောင့် နေအောင်ကို မန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ပါတယ်။

အရက်ထိုင်သောက်ပြီး ဝိုင်းဝန်းရိုက်နက်သူတွေဟာ တစ်ရပ်ကွက်တည်းနေ ငဒိန်(ခ)မင်းကိုကိုပါ အမျိုးသား ၄ ယောက်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သိရှိတာကြောင့် ၎င်းတို့ကို ဖမ်းဆီးလိုက်ပါတယ်။ ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ငဒိန်(ခ) မင်းကိုကိုပါ(၄)ဦးကို ချမ်းမြသာစည်မြို့မရဲစခန်း(ပ)၁၄၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ နဲ့ အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က