ညီအစ်မ နှစ်ယောက်အကြောင်းပြောပြလာပါတယ်။

ပန်းရောင်ခြယ် နဲ့ ပန်းသွေးခြယ် တို့ ညီအစ်မ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြောပြလာပါတယ်။ ညီမလေး ပန်းသွေးခြယ် အပေါ် ပန်းရောင် က ဘယ်လောက်အထိ ချစ်သလဲ ဆိုတာတွေကို ပြောပြထားပါတယ်။

Photo: ပန်းရောင်ခြယ် ဖေ့စ်ဘွတ်ပေ့ချ်

 

အဆိုတော်ဂရေဟမ်ရဲ့ သမီးချောလေးတွေဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွေးခြယ်တို့ကတော့ တကယ့်ကို ချောမောလှပတဲ့အပြင် ပရိသတ်တွေရဲ့ အချစ်ကိုပါ ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ ပန်းရောင်ခြယ်နဲ့  ပန်းသွေးခြယ်တို့ ညီအစ်မ နှစ်ဦးကလည်း သူတို့ရဲ့ အကြောင်း လေးတွေကို မီဒီယာတွေကနေတဆင့် ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

'' ဘယ်လို အစ်မမျိုးလည်းဆိုတော့ သမီးကို ကောင်းကောင်းဆုံးမတတ်တယ်။ လမ်းပြပေးတတ်တဲ့ အစ်မအကြီးတစ်ယောက်ပေါ့နော်''ဆိုပြီး တော့ ပန်းသွေးခြယ်က ပြောပါတယ်။ အဲ့ဒီနောက် ပန်းရောင်ခြယ်ကလည်း '' ညီမလေးက လိမ္မာတယ်၊ အိမ်မှာ ပန်းရောင်မှ မဟုတ်ဘူး၊ ဖေဖေ မေမေ စကားတစ်ခုခုပြောလိုက်ပြီဆိုရင် နားထောင်တယ်။ တစ်ခါတလေကျရင် ညီမလေးက ပန်းရောင်ထက် ပိုရင့်ကျက် တာတွေ ရှိတယ် '' ဆိုပြီးတော့ ညီမလေး လိမ္မာတဲ့အကြောင်း ပြောပြထားပါတယ်။

Photo: ပန်းရောင်ခြယ် ဖေ့စ်ဘွတ်ပေ့ချ်

ပန်းရောင်ခြယ်နဲ့ ပန်းသွေးခြယ်တို့ ညီအစ်မ နှစ်ဦးဟာ အသက်နည်းနည်းကွာကြပါတယ်။ ညီမလေးပန်းသွေးခြယ်ကို ပိုင်ဆိုင်လာ ရချိန်မှာ လည်း အစ်မဖြစ်တဲ့ ပန်းရောင်ခြယ် အူမတိုတဲ့ အပြင် ညီမလေးကို အရိပ်တကြည့်ကြည့် ချစ်ခဲ့တဲ့ အကြောင်းတွေကို အောက်တိုဘာလ ၁ ရက် နေ့က Novotel Yagon Max မှာ ပြုလုပ်တဲ့ Clear, Dove နဲ့ Sunsilk တို့ရဲ့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

'' ပန်းရောင်ကတဲ့အခါတိုင်းဆိုရင် ဖေဖေ နယ်ရှိုးပွဲတွေ သွားဆိုရင် လိုက်သွားတာများတယ်။ နောက်ပိုင်းကျတော့ မေမေက ပန်းရောင်ကို ခေါ်သွားပြီး ညီမလေးကို နာနီ နဲ့ ထားခဲ့မယ် လုပ်တာ ပန်းရောင်က အိမ်မှာနေခဲ့မယ် ညီမလေးကို သူစိမ်းတွေနဲ့ စိတ်မချဘူး။ ပန်းရောင် ၅ နှစ်၊ ၆ နှစ်လောက်တုန်းက ညီမလေးကို အရမ်းချစ်တယ်လို့ပြောတယ်'' လို့ ဆိုပါတယ်။

Photo: ပန်းရောင်ခြယ် ဖေ့စ်ဘွတ်ပေ့ချ်

 

မိသားစု အားလပ်ရက်တွေမှာလည်း အရင်က ခရီးသွားဖြစ်ပေမယ့် အခုတော့ ခရီးမသွားတာ ကြာပြီလို့ ပန်းသွေးခြယ်က ပြောပါတယ်။ အဲ့ဒီ နောက် သမီး လိမ္မာလေး နှစ်ယောက် အပေါ် ဖေဖေ နဲ့ မေမေ တို့ကလည်း စည်းကမ်းတင်းကြပ်တာမျိုး မရှိပဲ သူငယ်ချင်းတွေလိုသာ နေပေး ကြတယ်လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

'' ဖေဖေ နဲ့ မေမေတို့ စည်းကမ်းတင်းကြပ်ထားတာတော့မရှိဘူး။ ဒါပေမယ့် မိဘတွေရဲ့ စကားကို လိုက်နာရမယ့် အချက်လေးတွေတော့ ရှိတယ်။ သမီး နှစ်ယောက်ကိုလည်း အချိန်ပေးတယ်။ ပြီးတော့ သမီးနှစ်ယောက်ကို အချိန်ပေးရင်း ဒါလေးတွေမှာ ဒီလို စည်းကမ်းလေးတွေ ရှိတယ်ဆိုတာကိုပြောတယ်၊ သားသမီးနဲ့ မိဘကြားမှာ နားလည်မှုလေးတွေရှိပါတယ်'' လို့ သူကဆိုပါတယ်။

Photo: ပန်းရောင်ခြယ် ဖေ့စ်ဘွတ်ပေ့ချ်

 

ပန်းရောင်ခြယ်ကိုတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ တွဲပြီး Wake Up Daddy ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေး ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေပါတယ်။ အွန်လိုင်းကနေ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ အသည်းခွဲသူ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။

 

Share

Loading Next Article...
က္က