အော်ဘာမီယန်းကို အသင်းခေါင်းဆောင်အဖြစ် ကစားသမားအားလုံး လက်မခံကြဘူးလို့ သိရပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီရဲ့ ရှာခါကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ပစ်ပြီး အော်ဘာမီယန်းကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တဲ့ဆုံးဖြတ်ချက်ကို အဝတ်လဲခန်းအတွင်းမှာ ကစားသမားတိုင်းက လက်ခံခြင်းမရှိဘူးလို့ သိရပါတယ်။

ရှာခါဟာ ပြီးခဲ့တဲ့လက ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲစဉ်တလျှောက်လုံးလှောင်ပြောင်နေကြတဲ့ ပရိသတ်တွေကို လဲသေလိုက်ကြလို့ တုံ့ပြန်ခဲ့ပြီး နားစွင့်တဲ့ပုံ လုပ်ပြခဲ့တဲ့အတွက် အသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အစပိုင်းမှာ နည်းပြအမ်မရီက ရှာခါကို အပြစ်ပေးရမှာကို စိုးရိမ်နေပေမယ့်လည်း နောက်ဆုံးမှာတော့ အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ပစ်လိုက်ပြီး ယင်းအချိန်ကတည်းက ယနေ့အထိ အသင်းအတွက် ထပ်မံကစားခွင့်မရရှိတော့တာဖြစ်ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းလူစာရင်းထဲက အချို့ဟာ ရှာခါဟာ နည်းပြအမ်မရီရဲ့ မျက်နှာလွှဲခဲပစ်လုပ်ခံခဲ့ရတယ်လို့ ခံစားနေကြပြီး အသင်းခေါင်းဆောင်သစ် ခန့်အပ်ခဲ့တဲ့ အမ်မရီရဲ့ ဆုံးဖြတ်ချက်ကို မပျော်မရွှင်ဖြစ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အသင်းခေါင်းဆောင် လောရန့်ကိုစီရယ်နီ ထွွက်ခွာပြီးနောက် အသင်းသားတွေဟာ အသင်းခေါင်းဆောင်သစ်အတွက် မဲပေးရွေးချယ်ခွင့်ရခဲ့ပေမယ့်လည်း အော်ဘာမီယန်းကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ချိန်မှာ တိုင်ပင်ခြင်းတောင် မခံခဲ့ရတာဖြစ်ပါတယ်။

ကစားသမားအချို့ဟာ အသင်းခေါင်းဆောင်နေရာအတွက် အော်ဘာမီယန်းရဲ့ သင့်တော်မှုကို မေးခွန်းထုတ်ခဲ့ကြပြီး အထူးသဖြင့် အာဆင်နယ်ပရိသတ်တွေရဲ့ Youtube ချန်နယ် AFTV နဲ့ အော်ဘာမီယန်းတို့ရဲ့ ဆက်ဆံရေးကြောင့် မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။

အော်ဘာမီယန်းဟာ AFTV ချန်နယ်ရဲ့ အငြင်းပွားဖွယ် အင်စတာဂရမ်ပို့စ်တွေကို Liked ပေးခဲဲ့ပြီး နည်းပြအမ်မရီကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုထားတဲ့ပို့စ်တောင် ပါဝင်ခဲ့တဲ့အတွက် အသင်းဖော်တွေနဲ့ အသင်းဝန်ထမ်းတွေက ယုံကြည်မှုမရှိဖြစ်နေတာလို့ သိရပါတယ်။

Share

က္က