လေးပွဲကစားအပြီးမှာ ပင်နယ်တီပြစ်ဒဏ် နှစ်ကြိမ်အထိ ကျူးလွန်ထားပါတယ်။

ဒေးဗစ်လုဇ်ကို ပေါင် (၈)သန်းနဲ့ အာဆင်နယ်က ခေါ်ယူနိုင်ခဲ့ပြီး အသင်းနောက်တန်းအတွက် အားကိုးရမယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဒေးဗစ်လုဇ်ကတော့ ၄ပွဲကစားအပြီးမှာပဲ ပင်နယ်တီပြစ်ဒဏ်ကျူးလွန်မှု ၂ကြိမ်ရှိနေခဲ့ပါတယ်။


နွေရာသီဈေးကွက်အတွင်းမှာ ချယ်လ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူဒေးဗစ်လုဇ်ကတော့ အာဆင်နယ်အတွက် ပထမဆုံးကစားပေးခဲ့တဲ့ ပွဲစဉ်တွေအတွင်းမှာပဲ ဆိုးရွားတဲ့ မှတ်တမ်းတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီဖြစ်ပါတယ်။ အသက် (၃၂)နှစ်အရွယ် ဘရာဇီးလ်နောက်ခံလူဟာ ထင်မှတ်မထားတဲ့အခြေအနေကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးမှာ နည်းပြလမ်းပတ်နဲ့အဆင်မပြေမှုတွေဖြစ်ပွားခဲ့ပြီးနောက် ဒေးဗစ်လုဇ်က အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အတွက် ရာသီအစ ၄ပွဲကစားပေးပြီးချိန်မှာတော့ ဒေးဗစ်လုဇ်ဟာ ပင်နယ်တီ ၂ကြိမ်အထိ ပြိုင်ဘက်အသင်းတွေကို ကန်ခွင့်ရရှိအောင် ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။

ချယ်လ်ဆီးအတွက် ဒုတိယအကြိမ်မြောက်အဖြစ် ဒေးဗစ်လုဇ်က ကစားပေးခဲ့ရာမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၆၀ အထိ ကစားပေးခဲ့ပါတယ်။ အဆိုပါပွဲအရေအတွက်မှာ ဒေးဗစ်လုဇ်ကြောင့် ပေးခဲ့တဲ့ရတဲ့ ပင်နယ်တီအရေအတွက်က ၃ကြိမ်သာ ရှိခဲ့ပြီး အာဆင်နယ်မှာတော့ ၄ပွဲ ကစားအပြီးမှာ ပင်နယ်တီ၂ကြိမ်ပေးခဲ့ရတာကတော့ တော်တော်လေးကို ဆိုးရွားနေခဲ့ပါတယ်။

ကိုစီယယ်နီအသင်းကနေ ထွက်ခွာခဲ့ကာ မူစတာဖီကလည်း ခြေစွမ်းမပြနိုင်ခဲ့လို့ ဒေးဗစ်လုဇ်အပေါ် အားကိုးတကြီးနဲ့ ရှိနေခဲ့တဲ့ အသင်းရဲ့မျှော်လင့်ချက်တွေကလည်း စိတ်ပျက်ဖွယ်ရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒေးဗစ်လုဇ်ဟာ လီဗာပူးလ်နဲ့ပွဲမှာ တစ်ကြိမ်၊ မနေ့ညကကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာတစ်ကြိမ် ပင်နယ်တီပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က