ဒီနေ့ရုံးချိန်းအပြန် မှာ ပြောခဲ့တာပါ။

ဒီတစ်ပတ်ရုံးချိန်းမှာတော့ အစ္စဏီရဲ့ ကျန်းမာရေးအခြေအနေ ပြန်ကောင်းမွန်လာပြီလို့ သိရပါတယ်။ အစ္စဏီအနေနဲ့ အမှုကို မြန်မြန်ပြီးစေချင်နေပြီလို့ ဆိုပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့ (သြဂုတ်၂၃ရက်) က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက ကျန်းမာရေးအခြေအနေကြောင့် အမှုစစ်ဆေးခြင်းကို ရပ်နားခဲ့ရပေမယ့် ဒီတစ်ခေါက်မှာတော့ ကျန်းမာရေးအခြေအနေ ပြန်ကောင်းမွန်နေပြီလို့ သိရပါတယ်။

 ဒီနေ့ ရုံးချိန်အပြန်မှာတော့ အဆိုတော် အစ္စဏီက အမှုကို မြန်မြန်ပြီးအောင် လုပ်ပေးဖို့ မီဒီယာကနေ တဆင့် တောင်းဆိုစကား ဆိုလိုက်ပါတယ်။

“လက်ရှိကျန်းမာရေးကတော့ နည်းနည်း ပြန်ကောင်းလာပါပြီ။ အမှုကိုလည်း မြန်မြန်ပြီးချင်နေပြီ။ ကျွန်တော်လည်း အရမ်းစိတ်ဓာတ်ကျနေပါပြီ။ အမှုကို မြန်မြန်ပြီးအောင် လုပ်ပေးကြပါ" လို့ Duwun Media ကို ပြောပါတယ်။

အစ္စဏီဟာ လက်ရှိ ကျန်းမာရေးအခြေအနေကြောင့် အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက သြဂုတ်လ(၁၆) ရက်နေ့ ရုံးချိန်းတုန်းက ပြောခဲ့ပါတယ်။

‘’ အသက်ရှုလမ်းကြောင်းမကောင်းဘူး။ အခုချိန်မှာတော့ အင်းစိန်ဆေးရုံမှာပဲ ဆေးကုသမှုတွေ  ဆောင်ရွက်နေတယ်။ ကျန်းမာရေးကတော့ ကောင်းလာလိုက် ဆိုးသွားလိုက်ဖြစ် နေတယ်။ ကျန်းမာရေးအရ စိုးရိမ်တဲ့အတွက် ဆေးခွင့်တွေဘာတွေ ယူဖို့တော့ရှိတယ်။ အခုချိန်မှာတော့ အမှုကို ဆက်လက် စစ်ဆေးသွားဖို့ပဲရှိပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့က ရုံးချိန်းကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။

တရားခံ အစ္စဏီကို တရားလိုဘက်က သြဂုတ်လ(၅) ရက်နေ့က အမှုကျေအေးလွှာမှာ လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က သူဆွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ကျေအေးလွှာမှာ လက်မှတ်ထိုးထားပေမယ့်လည်း ဥပဒေအရ အဆင့်ဆင့် ဆောင်ရွက်ရမှာတွေ ပြီးဆုံးမယ့် အချိန်အတိအကျ မသိနိုင်ဘူးလို့ ရှေ့နေက ဆက်လက်ပြောပြခဲ့ပါတယ်။

အစ္စဏီရဲ့ နောက်ထပ်ရုံးချိန်းကို သြဂုတ်လ(၃၀) ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က