မန်ယူအသင်းရဲ့ အမြဲတမ်း နည်းပြအတွက် ရေပန်းစားနေသူပါ။

ဆိုးလ်ရှားကို မိုလ်ဒီအသင်းက လိဂ်မစခင် ကြားကာလအတွင်း မန်ယူမှာ ယာယီနည်းပြလုပ်ဖို့ စေလွှတ်ပေးထားတာဖြစ်လို့ အခုလို စီးပွားရေး ဆန်ဆန်လှုပ်ရှားမှုတွေကို လက်မခံနိုင်ရင် ဆိုးလ်ရှားတစ်ယောက် အချိန်မရွေး မိုလ်ဒီကို ပြန်သွားရနိုင်တယ်လို့ သိရပါတယ်။

မန်ယူအသင်းကတော့ ယာယီနည်းပြ ဆိုးလ်ရှားကို ၂၀၁၉-၂၀ ခုနှစ် ဘောလုံးရာသီအတွက် စတင် ရောင်းချနေပြီဖြစ်တဲ့ လက်မှတ်တွေရဲ့ အရောင်းကိုယ်စားလှယ်အဖြစ် အသုံးပြုနေပြန်ပြီလို့ BBC SPORT က ဖော်ပြလာပါတယ်။

ဒီလို အသုံးပြုခြင်းက အခြားတစ်ဖက်မှာတော့ အမြဲတမ်းနည်းပြ ဖြစ်လာဖို့ လမ်းစပဲလို့ မီဒီယာတွေက သုံးသပ်နေပေမယ့် ဒီကနေ့အထိတော့ မန်ယူက ဒီသတင်းကို အတည်မပြုသေးပါဘူး။ အခုလို မန်ယူအသင်းနဲ့ စီးပွားရေးဆန်ဆန် လုပ်ဆောင်ချက်တွေက မိုလ်ဒီကို ဆိုးလ်ရှားပြန်ရမယ့် လမ်းစလည်း ဖြစ်လာနိုင်ပါတယ်။

“ကျွန်တာ့် ဗီဒီယို ရိုက်ကူးရေးက ပြီးသွားပါပြီ၊ အခုလို ပရိသတ်တွေနဲ့ တွေ့ဆုံရတာ အရမ်းကျေနပ်အားရပါ တယ်၊ ဒီလိုလုပ်ဆောင်တာ ကျွန်တော့်အတွက် မစိမ်းပါဘူး၊ ဒါပေမယ့် တစ်ခု ရှိတာက အခုလို ကျွန်တော် စီး ပွားရေး ဆန်ဆန်လုပ်ဆောင်နေတာကို ကျွန်တော့်ကလေးတွေ တွေ့သွားရင်တော့ နော်ဝေးပြန်ရပါလိမ့်မယ်၊ ဒါကတော့ အံံ့အားသင့်စရာဖြစ်လာပါလိမ့်မယ်။

ဆိုးလ်ရှားကို မိုလ်ဒီက ကြားကာလအတွင်း မန်ယူမှာယာယီနည်းပြလုပ်ဖို့ စေလွှတ်ပေးထားတာ ဖြစ်ပြီး မန်ယူအသင်းနဲ့အတူ အမြဲတမ်း နည်းပြ ဖြစ်စေချင်နေကြတာပါ။ အခုလို စီးပွားရေး လုပ်ငန်းတွေမှာ ဆိုးလ်ရှားကို ခုတုံးလုပ်ဖို့ စေလွှတ်ထားတာ မဟုတ်လို့ ဒီ ပုံရိပ်တွေကိုသာ သူတို့ဖက်က တစုံတရာ မှတ်ချက်ပြုခဲ့မယ်ဆိုရင် စာချုပ်ရှိနေတဲ့ မိုလ်ဒီအသင်းကို ဆိုးလ်ရှားပြန်သွားရနိုင်တာ လည်း ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ ဒီတစ်ပတ်မှာ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိနေပြီး ဆိုးလ်ရှား လက်ထက်မှာ မန်ယူအသင်းဟာ ပြိုင်ပွဲစုံ ၁၅ ပွဲကစားထားပြီး ၂ ပွဲသရေ ၁ ပွဲရှုံးက ၁၂ ပွဲတိတိ အနိုင်ရရှိထားပါတယ်။

Share

Loading Next Article...
က္က