အသက်(၆၅)နှစ် အမျိုးသမီးသေဆုံးခဲ့တာပါ။

ယာဉ်မောင်းအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲကို ထိုးကျခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါ (၈)ဦးအနက် (၁)ဦးသေဆုံးကာ၊ (၄)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၇၈)မိုင်မှာ ဒီကနေ့ ဒီဇင်ဘာ(၁၄)ရက်နေ့ မနက်အစာ (၆)နာရီဝန်းကျင်လောက်က ရန်ကုန်ကနေ မန္တလေးကို မောင်းနှင်လာတဲ့  Landcruiser အိမ်စီးကားငယ်တစ်စီးဟာ ယာဉ်မောင်းအိပ်ငိုက်ပြီး အမြန်လမ်းဘေးမြောင်းထဲထိုးကျမှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အခင်းဖြစ်ပွားရာနေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

photo- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

“ယာဉ်မောင်းက အိပ်ငိုက်ပြီး အရှိန်နဲ့ဆိုတော့ မထိန်းနိုင်ပဲ လမ်းဘေးမြေနိမ့် မြောင်းထဲကို ထိုးကျသွားတာ။ ယာဉ်ပေါ်မှာက ယာဉ်မောင်းအပါအဝင်(၈)ဦးပါလာတယ်။ အမျိုးသား(၂)ဦး ၊ အမျိုးသမီး(၆)ဦး၊ အမျိုးသမီးတစ်ဦးက အခင်းဖြစ်တဲ့ နေရာမှာတင်ဆုံးသွားတယ်။ ကျန်တဲ့သူတွေလည်း ဒဏ်ရာတွေရတဲ့သူရှိတယ်” လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဇာနည်မောင်က Duwun ကိုပြောပါတယ်။

photo- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိတဲ့ လူနာတွေကို မိတ္ထီလာဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှုတွေဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။ ယာဉ်ပေါ်ပါ (၈)ဦးထဲမှာ ကလေးတစ်ဦးလည်းပါဝင်တယ်။ ယာဉ်မောင်းက အသက်(၃၃)နှစ်အရွယ် မရမ်းကုန်းမြို့နေသူ ကိုတင်နိုင်ထွန်းမောင်းနှင်လာတာဖြစ်ပြီး ယာဉ်မောင်းကိုတော့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က