ကားပျက်လို့ကူညီရင်းဖမ်းမိခဲ့တာပါ။

အဲဒီကားကပျက်ပြီးလမ်းဘေးမှာရပ်ထားလို့ အမြန်လမ်းရဲတပ်ဖွဲ့က သွားရောက်ကူညီရာမှာ ကားကတစ်ဖက်စောင်းနေတဲ့အတွက် ကုန်တွေကိုအောက်ချခိုင်ရင်း ကားအောက်တံခါးကိုလိုက်ခိုင်းလိုက်တဲ့အခါမှာ အခုလိုကျွန်းတံခါးတွေကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဒီကနေ့ စက်တင်ဘာလ(၁၆)ရက်နေ့ မွန်းလွဲပိုင်းက တရားမဝင်ကျွန်းတံခါးများတင်ဆောင်လာတဲ့ ခရီးသည်ယာဉ်တစ်စီးကို မိုင်တိုင်(၃၃၁)မိုင်မှာ ဖမ်းမိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ကသိရပါတယ်။

“ ဒီနေ့ နေ့လယ် (၁၂)ခွဲလောက်ကဖြစ်မယ်။ အဲဒီကားက ပျက်ပြီးလမ်းဘေးမှာရပ်ထားလို့ ကျွန်တော်တို့က သွားရောက်ကူညီတာ။ ကားကတစ်ဖက်စောင်းနေလို့ ဝိတ်များနေတယ်ထင်ပြီး အောက်ကတင်လာတဲ့ ပစ္စည်းတွေကို ဘေးကိုချဖို့ တံခါးဖွင့်ခိုင်းလိုက်တော့ ကျွန်းတံခါးတွေဖြစ်နေတာ။ ခရီးသည်တွေတော့မရှိတော့ဘူး နောက်တစ်စီးနဲ့ ကားချိန်းပေးလိုက်ပြီ။ ကျွန်တော်တို့သစ်တော ဦးစီးဌာကို ဆက်သွယ်ပြီး သူတို့ဘက်ကို အမှုလွှဲပေးလိုက်တယ်” လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဗောဓိကုန်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

တိုင်တန်းချက်ကြောင့် ဖမ်းမိခဲ့တာမဟုတ်ဘဲ ကားပျက်လို့ သွားရောက်ကူညီရင်းကနေ အခုလိုဖမ်းမိခဲ့တာပါ။ ခရီးသည်ယာဉ်က တောင်ကြီးဘက်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ ဒို့ညီနောင် ခရီးသည်တင်ကားဖြစ်ပါတယ်။ ယာဉ်မောင်းကိုတော့ သစ်တောဘက်က ထိန်းသိမ်းထားပြီး ကားကမောင်းလို့မရတဲ့ အတွက် လမ်းဘေး ကားရပ်လို့ရတဲ့ နေရာမှာ ရပ်ထားတယ်လို့ သိရပါတယ်။ အမှုကိစ္စနဲ့ပတ်သက်လို့ သစ်တောဘက်က လုပ်ဆောင်သွားမှာဖြစ်ပြီး အမြန်လမ်းရဲတပ်ဖွဲ့အနေနဲ့ကတွေ့ရှိကြောင်း အသိပေးရုံပဲရှိတယ်လို့ တာဝန်ရှိသူတစ်ဦးကပြောါတယ်။ ဒီကိစ္စမှာတော့ အမြန်လမ်းဥပဒေနဲ့ ငြိစွန်းမှုမရှိဘူးလို့သိရပါတယ်။ 

Share

Loading Next Article...
က္က