သေဆုံးသူတွေမှာ တောင်ငူမြို့က ကျောင်းဆရာမတွေလို့သိရပါတယ်။
ဒီကနေ့ မတ်လ ၂၅ ရက် မနက် ၄ နာရီလောက်က အမြန်လမ်းမှာ ဘုရားဖူး လိုက်ထရပ်ယာဉ်တစ်စီးနဲ့ Express ယာဉ်တို့ ဝင်တိုက်မိပြီး ဘုရားဖူးယာဉ်ပေါ်မှ အမျိုးသမီး ၄ ဦး သေဆုံးခဲ့တယ်လို့ မြို့ချောင်းရဲစခန်းကနေ သိရပါတယ်။

Photo- တံခွန်စက်မှု (ဘုရားဖူးလိုက်ထရပ်ယာဉ် အတိုက်ခံရစဉ်)

တောင်ငူမြို့မှလာတဲ့ ဘုရားဖူးယာဉ်ကို ရွေကိန္ဒရီ အဝေးပြေးယာဉ်က အနောက်ကနေ ဝင်တိုက်ခဲ့ရာမှာ ဘုရားဖူးယာဉ်မှာ အနောက်ဘက်ခြမ်း ကြေမွသွားခဲ့ပါတယ်။

“ ဖြစ်စဉ်မှန်ပါတယ်။ ဖြစ်ဖြစ်ချင်း ၃ ယောက်သေပါတယ်။ နောက် တစ်ယောက်က ဆေးရုံကို ပို့ပြီး ကုသစဉ် ဆုံးပါးခဲ့တာပါ” လို့ မြို့ချောင်းရဲစခန်းတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

Photo- တံခွန်စက်မှု (ဝင်တိုက်မိခဲ့တဲ့ အဝေးပြေးယာဉ်)

သေဆုံးသူတွေမှာ တောင်ငူမြို့ ၂ ရပ်ကွက် နေပူကုန်းလမ်းနေ ကျောင်းဆရာမတွေဖြစ်ကြပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်တုန်းကလည်း အလောင်းတော်ကပကိုလာတဲ့ ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး ဘုရားဖူးဧည့်သည် ၅ ဦး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က