မတ်လ ၅ ရက်နေ့ မနက်ပိုင်းက အမြန်လမ်းမကြီးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၁ ဦးရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က Duwun ကို အတည်ပြု ပြောခဲ့ပါတယ်။
Photo - အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး
မနက် ၆ နာရီလောက်မှာ ယာဉ်မောင်းဝင်းထွန်းဆိုသူမောင်းနှင်လာခဲ့တဲ့ High Class အနီရောင်ကားဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၇/၃) နဲ (၇၇/၄)အကြားမှာ မြေသားလမ်းပေါ် တိမ်းမှောက်မှုဖြစ်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ လူ ၄၄ ယောက်အနက် သံဃာ ၄ ပါး၊ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၄ ယောက်စုစုပေါင်း ၁၁ ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ၂၄ ယောက်အထိ ရှိခဲ့ပါတယ်။
Photo - အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး
"အသေးစိပ်အခြေအနေကိုတော့ မြို့ကျောင်း ဆေးရုံကို လှမ်းမေးထားပါတယ်။ စိုးရိမ်ရတဲ့ လူတွေအခြေအနေကတော့ ကြေးနန်းမရသေးလို့ အတိအကျတော့မသိရသေးပါဘူး။ ဒဏ်ရာရာသူတွေကိုတော့ အမြန်လမ်းရဲတပ်ဖွဲ့ရယ် မီးသတ်ရယ် ပေါင်းပြီး ကူညီပေးနေပါတယ်။"လို့ ဥသျှစ်ကုန်းအမြန်လမ်းရဲတပ်ဖွဲ့ က တာဝန်ကျရဲအရာရှိက Duwun ကို ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းဝင်းထွန်းကို အမြန်လမ်းရဲတပ်ဖွဲ့ကနေ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။