လက်ရှိ ရပ်တည်နေတဲ့ အလုပ်အပေါ် သူ့ရဲ့ ခံယူချက်တွေ ပြောပြထားတာပါ။

တိုင်ရွန်ဟာ အနုပညာ အလုပ်တွေ စလုပ်ကတည်းက နောက်ခံလူမရှိဘဲ ကိုယ်တိုင်ကြိုးစားမှုနဲ့ ရပ်တည်ခဲ့ရတဲ့အကြောင်းကို ရင်ဖွင့်ပြောပြလာပါတယ်။ ဒါကြောင့်လည်း အနုပညာအလုုပ်နဲ့ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်တယ်လို့လည်း သူကဆိုပါတယ်။

Photo: Tyron Bejay



တိုင်ရွန်ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက သာမန်လူတစ်ယောက်ပါလို့ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဝါသနာနဲ့ အိပ်မက်ကိုတော့ သာမန်လို တွေးမထားတဲ့အကြောင်း ပြောလာပါတယ်။

‘’သူများတွေလို ရုပ်ရည်လည်းမချောပါ သာမန်ပါ။ သူများတွေလို အရပ်လည်းမမြင့်ပါ သာမန်ပါ။ သူများတွေလို ပိုက်ဆံလည်းမရှိပါ သာမန်ပါ။ သူများတွေလို နောက်ခံလူမရှိပါ သာမန်ပါ။ အရာအားလုံးက သာမန်ထဲက သာမန်လူဖြစ်လို့ ဇွဲ လုံ့လ နဲ့ ဝိရိယကိုတော့ သာမန်ထက်ပိုပြီး ကြိုးစားရပါတယ် ကြိုက်တဲ့လူနဲ့ယှဉ်ရဲပါတယ်။ ဒါကိုတော့ အရာအားလုံးသာမန်ဖြစ်နေပေမယ့် ဘယ်တော့မှ ကျွန်တော့် အိပ်မက်တွေကို သာမန်စိတ်ကူးထဲ ရပ်တန့် မနေပါ။ ကျွန်တော် ကိုယ်တိုင် #မလဲသရွေ့ ဘယ်သူမှ ကျွန်တော့်ကို #လှဲလို့မရပါ’’ ဆိုပြီးတော့ ဇွန်လ ၄ ရက်နေ့ ည ၈ နာရီ ၅၀ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Tyron Bejay

တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်ဆိုတာကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင်မတတ်တာလည်း ပါ ပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။

Photo: Tyron Bejay

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က