အနုပညာရှင်တစ်ယောက်ဖြစ်လို့ ဆင်ဆင်ခြင်ခြင်နေရပါတယ်တဲ့။

ပြေတီဦးက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူ့ရဲ့ အကျင့်လေးတွေအကြောင်းပြောပြလာပါတယ်။ သရုပ်ဆောင်တစ်ယောက်လိုမဟုတ်ပဲ သာမန်လူတစ်ယောက်လို လွတ်လွတ်လပ်လပ်နေချင်တယ်လို့ ဆိုပါတယ်။


Photo: Pyay Ti Oo



ပြေတီဦးဟာ နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ယောက်ပါ။ အနုပညာရှင်တစ်ယောက်လိုနေထိုင်ခြင်းမရှိပဲ သာမန်လူတစ်ယောက်လို လွတ်လွတ်လပ်လပ်နေချင်တာလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။


‘’ ဦးတီက ကျတော့ ကိုယ့်ကိုယ်ကိုယ် မင်းသားလို့ မသတ်မှတ်တဲ့သူထဲမှာပါတယ်လေ။ ရိုးရိုးလူတစ်ယောက်လိုပဲ ထင်တာ။ ဘယ်သူနဲ့ပဲ တွေ့တွေ့ ခင်ခင်မင်မင်စနောက် ပြောဆိုပြီးနေချင်တာ။ ရိုးရိုးလူတစ်ယောက်လိုပဲ နေချင်တာလေ။ အဲဒီအတွက်ကြောင့်မို့လို့ ဦးတီက အမှားများတယ်။ သတိလက်လွတ်စလိုက်တာမျိုး၊ ပြောလိုက်တာမျိုးတွေက ဘာရယ်မဟုတ်ပေမယ့် အမှားလေးတွေ ဖြစ်လာတတ်တယ်’’ လို့ ဆိုပါတယ်။



Photo: Amazing Grace

ရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့် လူတိုင်းကိုလည်း စလို့နောက်လို့ မရပြန်ဘူးလို့ ပြေတီဦးက ပြောပါတယ်။

’ တစ်ခါတလေကျရင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သတိပေးတာပေါ့နော်။ တခြားလူတစ်ယောက်က တစ်ခုခုပြောလိုက်တာ ပြဿနာမရှိပေမယ့် ဦးတီတို့ ပြောလိုက်တာမျိုးကျတော့ ပြဿနာဖြစ်သွားတတ်တယ်လေ။ ကိုယ့်ကိုယ်ကိုယ် ထိန်းပြီးတော့ သတိပေးရတယ်ပေါ့နော်’’ ဆိုပြီးတော့ ဇွန်လ ၁၄ ရက်နေ့က နှစ်ပတ်အလို ရုပ်ရှင်ကားကြီး Red Carpet ကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။


Photo: Pyay Ti Oo

တတ်၊ နောက်တတ်တဲ့ အကျင့်လေးတွေကြောင့် ပရိသတ်တွေရဲ့ အထင်လွဲမှုတွေ ခံရနိုင်တာမျိုးတွေရှိတတ်တယ်လို့ ပြေတီဦးက ပြောပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတိပြန်ပေးနေရတဲ့ အခြေအနေရှိပါတယ်တဲ့။

’ မင်းမစနဲ့တော့၊ ဘယ်သူ့ကိုမှ မစနဲ့ ကိုယ့်ဘာသာကိုယ် တည်တည်တံ့တံ့ပဲနေ ပြောပေမယ့်လည်း ဦးတီက လူတွေမြင်ရင် ချစ်ကိုချစ်တယ်။ စလည်းစချင်တယ်။ ဒါက ဦးတီအတွက် မကောင်းတဲ့ စရိုက်လို့ပဲ ပြောရမှာပေါ့နော်။ ဒါလေးကိုတော့ ပြင်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်’’ လို့ သူကဆိုပါတယ်။



Photo: Pyay Ti Oo

ေြပတီဦး (Pyay Ti Oo) ဟာ ၁၉၇၈ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားသမီးသုံးယောက်ထဲမှာ အလတ်တစ်ယောက် ဖြစ်ပါတယ်။ ပြေတီဦးဟာ စက်မှုတက္ကသိုလ်ကျောင်းသားဘဝထဲက သရုပ်ဆောင်ပညာကို ဝါသနာပါခဲ့သူပါ။ ၁၉၉၈ ခုနှစ်လောက်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ပြုလုပ်တဲ့ သရုပ်ဆောင်ရွေးချယ်ပွဲ အစီအစဉ်မှာ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် MRTV က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတိုတွေနဲ့ မြန်မာစာမြန်မာစကား အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

ဲဒီနောက် သူ့ကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည် မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာခဲ့ပါတယ်။ ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က