သားမယားအဖြစ်ပြုကျင့်ရတဲ့ မျက်မမြင်အမျိုးသမီးဖြစ်သူ မနာခါးရှီး(လာဟူအမျိုးသမီး) အမှုနဲ့ ပါတ်သတ်ပြီးတော့ အမှုကို ပြန်လည်စစ်ဆေးပေးဖို့ အတွက်ဖေဖော်ဝါရီ ၂၃ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးမှာ အဆိုပါမိန်းကလေးကို အကူအညီပေးနေတဲ့ အမျိုးသမီးအဖွဲ့တွေက တောင်းဆိုခဲ့ပါတယ်။
“အခုမိန်းကလေးက အရင်ကအလုပ်လုပ်ခဲ့တဲ့ အနှိပ်လုပ်ငန်းကနေ ဒီဖြစ်ရပ်ကြောင့် အလုပ်ကလည်းထွက်လိုက်ရတယ်။အခုသူ့မှာ နေစရာမရှိတဲ့အတွက်ကြောင့်လူမှုဝန်ထမ်းဂေဟာတစ်ခုမှာထားနေရတယ်။ဒီအမှုနဲ့ ပါတ်သတ်ပြီးအမြန်ဆုံးပြန်လည်စစ်ဆေးပေးစေလိုပါတယ်။ ” လို့ Triangle အဖွဲ့က မခင်လေးက ပြောပါတယ်။
အဆိုပါမိန်းကလေးငယ်အမှုနဲ့ပါတ်သတ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းကတစ်လင်တစ်မယားဥပဒေနဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပြီးတော့ ၂၀၁၉ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ မှားယွင်းတိုင်ကြားမှုဆိုပြီး အမှုကို ပိတ်သိမ်းခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ဲခဲ့တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ပြောပါတယ်။
အမှုဖွင့်အပြီး ငါးလအကြာမှာ ပိတ်သိမ်းခဲ့တာကြောင့်ဒီလိုမျိုးရှင်းလင်းခဲ့တာဖြစ်တယ်လို့ သူတို့ကပြောပြီးတော့ အဲ့ဒီမိန်းကလေး က အခုအသက် ၂၈ နှစ်ရှိနေပြီလို့ ပြောပါတယ်။ မျက်မမြင်အမျိုးသမီးတစ်ဦးဖြစ်သူ မနာခါးရှီးကို မြန်မာနိုင်ငံမသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုဥက္ကဌ -၂ ဦးမောင်ကိုမြင့်က အဓမ္မပြုကျင့်ခဲ့တာကြောင့် အမှုမှန်ပေါ်ပေါက်စေဖို့ အတွက် ရည်ရွယ်တယ်လို့ အမျိုးသမီးအဖွဲ့တွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပါတ်သတ်ပြီး ဥိးမောင်ကိုမြင့်ကိုမေးမြန်းဖို့ ဆက်သွယ်ရာမှာ ဖုန်းဖြေဆိုခဲ့ခြင်းမရှိပါဘူး။အဲ့ဒီအမှုနဲ့ပါတ်သတ်ပြီးတော့ အမှုမှန်ပေါ်ပေါက်လာဖို့အတွက် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းဒေသကြီးအစိုးရအဖဲ့ွ့ကို တိုင်ကြားစာပို့ထားတယ်လို့ ဆိုပါတယ်။