ဇာတ်ညွှန်းတွေလည်း အကုန်ပြီးပါပြီ။

ညိုမင်းလွင်က ‘’မြ’’ရုပ်ရှင်ဇာတ်ကားကို တကယ်အမှုဖြစ်ခဲ့တဲ့နေရာမှာပဲ ရိုက်ကူးသွားမယ်လို့ဆိုပါတယ်။ သင်ဇာဝင့်ကျော်ကို ‘’မြမြ'’ဆိုတဲ့ ကာရိုက်တာအဖြစ် ရွေးချယ်ဖြစ်တဲ့အကြောင်းလည်းပြောလာပါတယ်။

Photo: Nyo Min Lwin



ဒါရိုက်တာ ညိုမင်းလွင်ကတော့ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ မိန်းကလေး ‘’မြမြ’’ရဲ့ အကြောင်းကို ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ ပြင်ဆင်ပြီးပြီလို့ သိရပါတယ်။ အမှုတကယ်ဖြစ်ခဲ့တဲ့ နေရာမှာပဲ သွားရိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

‘’ ဇာတ်ညွှန်းက တစ်ကားလုံးပြီးသွားပြီ။ Story Book တွေလည်း ပြီးတဲ့ဟာတွေတော့ ပြီးနေပြီ။ Location လိုက်ကြည့်တဲ့ အဆင့်ကိုရောက်သွားပြီပေါ့။ နေရာကတော့ တောင်ဒဂုံစက်မှုဇုန်၊ တကယ်ဖြစ်ခဲ့တဲ့ နေရာကို ရွေးထားပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Nyo Min Lwin

အဲဒီနောက် ‘’မြ’’ရုပ်ရှင်ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ မြမြနေရာမှာ သင်ဇာဝင့်ကျော်ကို ရွေးချယ်ဖြစ်တဲ့အကြောင်း ပြောပြလာပါသေးတယ်။ သူမကို သဘောကျမိတဲ့အချက်တွေလည်းရှိတယ်လို့ ညိုမင်းလွင်က ပြောပါတယ်။

‘’ သင်ဇာဝင့်ကျော်ကို ကျွန်တော် သဘောကျတဲ့အချက်က သူက သူလုပ်ရမယ့်ဟာကိုပဲ စိတ်ဝင်စားတယ်။ ကျန်တာ သူနဲ့ တွဲဖက်ရမယ့်သူ ဘယ်သူပဲဖြစ်ဖြစ် ဒါက ကျွန်တော့်အပိုင်းဖြစ်သွားပြီ။ သူနဲ့ မဆိုင်တာကို လိုက်လည်း မမေးဘူး၊ ဒီအပေါ်မှာလည်း ကောင်းခြင်း၊ ဆိုးခြင်း ဘာမှ မှတ်ချက်မချဘူး။ သူလုပ်ရမယ့် မြမြ ဆိုတာကိုပဲ စိတ်ဝင်စားတယ်။ သင်ဇာဝင့်ကျော်ကို ကျွန်တော်ကြိုက်တာ အဲ့ဒါ’’ လို့ ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Nyo Min Lwin

ညိုမင်းလွင်ဟာ သင်ဇာဝင့်ကျော်နဲ့အတူ ဗီဒီယိုဇာတ်ကားတွေလည်း အတူတူရိုက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ကာရိုက်တာအတွက် အများကြီး စကားပြောစရာ မလိုခဲ့ဘူးလို့ ပြောခဲ့ပါသေးတယ်။

‘’သင်ဇာဝင့်ကျော်နဲ့ ကျွန်တော်နဲ့ အရှေ့မှာ ဗီဒီယိုတွေလည်းရိုက်ဖူးတယ်လေ။ ကျွန်တော်တို့ အချင်းချင်းကျတော့ ရုပ်ရှင်တစ်ကားရိုက်ဖို့အတွက် အများကြီး ညှိနှိုင်းနေစရာမလိုတဲ့ အထဲမှာပါတာပေါ့နော်။ တစ်ယောက်ကို တစ်ယောက် အကြောင်းသိနေခဲ့ကြပြီးပြီ။ ကျွန်တော်ဘယ်လိုရိုက်မယ်ဆိုတာကိုလည်း သူသိတယ်၊ သူဘယ်လောက် လုပ်နိုင်မလဲဆိုတာကိုလည်း ကျွန်တော်သိတယ်။ အဲဒီအတွက် အများကြီး ညှိနှိုင်းစရာ မလိုဘူးပေါ့’’ လို့ ဆိုပါတယ်။

Photo: Nyo Min Lwin

ညိုမင်းလွင်(Nyo Min Lwin) က ညကျောင်း၊ ဒိုင်နိုဆောရွာ၊ ရန်ကုန်မြို့ပြရုပ်ရှင်ဇာတ်ကား အပြင် ဇီးကွက်သေတ္တာရုပ်သံဇာတ်လမ်းတွဲ တို့ကိုလည်း ရိုက်ကူးထားပါသေးတယ်။ နောက်ထပ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးပါ။သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ‘’မေထုန်ရာသီဖွား’’ ရုပ်ရှင်ကားကြီးကတော့ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ‘’မနုစာရီ’’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လက်ရှိမှာ ပုံဖော်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ညိုမင်းလွင်ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ဦးအဖြစ်ကတည်းက အားပေးလာခဲ့ကြတာဖြစ်ပါတယ်။



Share

Loading Next Article...
က္က