ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပါဘူး

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မှာရှိတဲ့ Apple စတိုးတစ်ခုအတွင်း iPad တစ်လုံး ပေါက်ကွဲမှုနဲ့ကြုံခဲ့ပြီး လူသုံးဦး အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားခဲ့ရတယ်လို့ဆိုပါတယ်။


[No available link text] 

"ဘက်ထရီ ယိုစိမ့်ပေါက်ကွဲတာ ဖြစ်မယ်" လို့မီးသတ်သမားတစ်ဦးက ပြောပါတယ်။ Apple Store မှ ဝန်ထမ်းများဟာ ပေါက်ကွဲသွားတဲ့ iPad ကို သဲကန်ထဲ ချက်ချင်းနှစ်ထားခဲ့ပေမယ့် ဓါတုအငွေ့များကြောင့် လူ ၃ဦး အသက်ရှုကြပ်သွားခဲ့ပြီး အရေးပေါ် အသက်ကယ်စောင့်ရှောက်မှု လုပ်ဆောင်ခဲ့ရပါတယ်။

ဒီပေါက်ကွဲမှုမှာ မီးလောင်ခြင်း ၊ မီးခိုးထွက်ခြင်း မရှိခဲ့သလို ကြီးကြီးမားမား ဒဏ်ရာရသူများမရှိခဲ့ဘူးလို့သတင်းထုတ်ပြန်ထားပါတယ်။ ဓါတုဓါတ်ငွေ့များ ထွက်ပေါ်လာခြင်းကြောင့် ဆိုင်ကို ပိတ်ထားပြီး မီးသတ်သမားများဟာ အခန်းအတွင်း လေဝင်လေထွက်ကောင်းစေဖို့ရှင်းလင်းခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ iPhone ဘက်ထရီအစားပြန်လဲပေးတဲ့ ကိစ္စနဲ့မသက်ဆိုင်ဘူးလို့လည်း ဆိုပါတယ်။

တစ်ခုရှိတာက Apple စတိုးဆိုင်များအတွင်း ဘက်ထရီပေါက်ကွဲမှုဟာ ဒီနှစ်ထဲမှာတင် အနည်းဆုံး ၃ ကြိမ် ရှိလာပြီ ဖြစ်ပါတယ်။ ၂၀၁၈ ဇန်နဝါရီလထဲမှာပဲ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မှာ ရှိတဲ့ Apple Store တစ်ခုရဲ့ iPhone ဘက်ထရီဆားဗစ်ဌာနမှာ ဖုန်းအပူလွန်ကဲပြီး service technician တစ်ဦးရဲ့ လက်မှာ မီးလောင်ဒဏ်ရာရရှိသွားခဲ့သလို ဝန်ထမ်း ၇ ဥိးလည်း ဆေးကုသမှု ခံယူခဲ့ရပါတယ်။

Photo: Gizmodo

 

ဇူးရစ်မီးလောင်မှုအပြီး နောက်တစ်ရက်မှာပဲ စပိန်နိုင်ငံ ဗလင်စီယာမြို့မှာ ရှိတဲ့ Apple Store တစ်ခုမှာလည်း ဘက်ထရီအဟောင်းနဲ့အသစ် လဲနေစဉ် မီးလောင်ပေါက်ကွဲသွားခဲ့ပါတယ်။ အမ်စတာဒမ် Apple Store ကတော့ ဘက်ထရီပေါက်ကွဲမှု ဖြစ်ပြီးနောက် ယာယီ ပိတ်ထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က