ဗစ်တိုးရီးယားနဲ့ ဆက်စပ်နေသူ ၆ ဦး အမှုဖွင့်ခံထားရတာပါ။

ဗစ်တိုးရီးယားဖခင်အပါအဝင် ၆ ဦး တရားစွဲခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားရဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေ တိုင်ပင်ဆွေးနွေးသွားမယ်လို့ အမှုဖွင့်ခံထားရသူ သက္ကမိုးညို (ခ) ဒေါက်တာ ဝင်းကိုကိုသိန်းက Duwun ကိုပြောပါတယ်။

နေပြည်တော် Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယားရဲ့ ဖခင် အပါအဝင် ဖခင်ရဲ့ အကိုနဲ့ အမ၊ ဗစ်တိုးရီးယားရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်၊ သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်နဲ့ အမှုမှာ လိုက်ပါဆောင်ရွက်သူ သက္ကမိုးညို (ခ) ဒေါက်တာ ဝင်းကိုကိုသိန်းတို့ကို တရားစွဲထားတယ်လို့သိရပါတယ်။

သူတို့ (၆) ဦးကို ကလေးသူငယ်ဥပဒေများဆိုင်ရာ ၁၀၁ (က) (၂) ပုဒ်မနဲ့ စက်တင်ဘာ ၂၆ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ တရားစွဲတင်ခဲ့တာဖြစ်ပါတယ်။

“ တရားစွဲတာဆိုတော့ တရားရုံးသွားရုံပဲ ရှိတော့တာပေါ့။ ကျွန်တော်တို့ ဘာဆက်လုပ်မလဲဆိုတာကတော့ ဗစ်တိုးရီးယားရဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သတင်းထုတ်ပြန်ဖို့တော့ရှိပါတယ်” လို့ အမှုမှာ တရားစွဲခံထားရသူ သက္ကမိုးညို (ခ) ဒေါက်တာ ဝင်းကိုကိုသိန်းက Duwun ကိုပြောပါတယ်။

ဒေါ်ဥမ္မာလှိုင်က သူ့ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ကိုကိုနဲ့ ညီညီမှာ အသက် မပြည့်သေးတဲ့ ကလေးသူငယ်တွေ ဖြစ်တာကြောင့် ကလေးသူငယ်တွေကို ထိခိုက်နစ်နာစေတာကြောင့် အမှုဖွင့်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့ကို ရုံးချိန်း ချိန်းဆိုထားတယ်လို့သိရပါတယ်။

သံသယတရားခံအဖြစ် ဖမ်းဆီးထားတဲ့ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကိုလည်း ကိုကို၊ ညီညီ တို့နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ပြောဆိုချက် မိသားစုဂုဏ်သိက္ခာညိုနွမ်းမှု၊ ကလေးသူငယ်တွေ အပေါ် ထိခိုက်နစ်နာမှုတွေ ဖြစ်စေတယ်ဆိုပြီး ဒေါ်ဥမ္မာလှိုင်ကနေ ကလေးသူငယ်ဥပဒေပုဒ်မနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အမှုဖွင့်ထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က