မျက်နှာပြင်မှာလည်း အကြီးဆုံးပါ

ဒီနှစ် iPhone သစ် မိတ်ဆက်ပွဲကတော့ စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ပါ။ အကြီးဆုံး မျက်နှာပြင်အရွယ်အစား ၊ အမြင့်ဆုံး storage များအပြင် တန်ဖိုးအကြီးဆုံး ဆိုတဲ့ မော်ဒယ်များကို မြင်ရတာကြောင့် ဖြစ်ပါတယ်။

screen-shot-2018-09-12-at-10-38-21-am.png

Photo: CNET

 

Apple ဟာ ဒီနှစ်မှာ မျက်နှာပြင် ၅.၈ လက်မနဲ့၆.၅ လက်မ တန်ဖိုးကြီး OLED မော်ဒယ်နှစ်မျိုးအပြင် ၆.၁ လက်မ LD display မော်ဒယ်တစ်မျိုးကို မိတ်ဆက်သွားပါတယ်။ ဒီဖုန်းနှစ်လုံးကတော့ iPhone သမိုင်းမှာ အမြင့်ဆုံး storage ဖြစ်တဲ့ 512 GB အထိ ပါလာပြီး အရင် သတင်းတွေအတိုင်း iPhone XS နဲ့XS Max နာမည်တွေနဲ့ထွက်လာတာပါ။

ဒီဇိုင်းပိုင်းမှာ iPhone X အတိုင်း notch display နဲ့စတီးဘောင်ကွပ်ထားတဲ့ မှန်ကိုယ်ထည်နဲ့လာပြီး ကျောဘက်မှာ ထောင်လိုက် ကင်မရာစနစ် သုံးသွားပါတယ်။ ဒီဖုန်းတွေမှာ Apple ရဲ့ နောက်ဆုံးပေါ် A12 Bionic chip နဲ့အတူ ကျောက်ဘက်မှာ 12MP မြင်ကွင်းကျယ် ကင်မရာနဲ့12MP အဝေးဆွဲကင်မရာ နှစ်လုံးပါရှိပြီး OIS ရုပ်ငြိမ်စနစ်ကို lens နှစ်မျိုးစလုံးမှာ သုံးထားပါတယ်။

ကင်မရာမှာတော့ Smart HDR စနစ် ပါဝင်လာပြီး လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ဖမ်းရာမှာ အလင်းအမှောင်နဲ့ချိန်ညှိပြီး အကောင်းဆုံး ထွက်အောင် ဖန်တီးနိုင်မှာပါ။ storage မှာ ထူးခြားမှုက 64GB ၊ 256GB နဲ့512GB အထိ ၃ မျိုး ပါလာတာပါပဲ။ iPhone သမိုင်းမှာ အမြင့်ဆုံး  storage ပါ မော်ဒယ်လို့ဆိုရင်လည်း မမှားပါဘူး။

ဒီနှစ် iPhone မော်ဒယ်သစ်တွေရဲ့ နောက်ထပ် ထူးခြားမှုက ရေစိုခံတာပါပဲ။ iPhone XS နဲ့XS Max တို့ဟာ IP6X rating ရေစိုခံပြီး အနိမ့်ဆုံး မော်ဒယ် iPhone XR ဆို IP67 rating ရေစိုခံလာပါတယ်။ ဒါ့အပြင် ဖုန်းအားလုံးဟာ Wireless charging ပါလာမယ်လို့လည်း ကြေငြာထားပါတယ်။ 

iPhone XR လို့ခေါ်တဲ့ ၆.၁ လက်မ LCD မော်ဒယ်ကတော့ အနက် ၊ အပြာ ၊ အနီ ၊ အဝါ ၊ သန္တာရောင် ကာလာ ၅ မျိုးနဲ့လာပြီး 64GB၊ 128GB နဲ့256GB ဆိုပြီး ၃ မျိုး ပါရှိပါတယ်။ ဖုန်းသုံးလုံးစလုံးဟာ Face ID နဲ့စတီရီယိုစပီကာစနစ်တွေ ပါဝင်လာပြီး 7nm process နဲ့ထုတ်ထားတဲ့ A12 Bionic Processor  သုံးထားပါတယ်။ တင်မ်ကွတ်ကတော့ ဒါဟာ ဖန်တီးဖူးသမျှထဲမှာ အဆင့်မြင့်ဆုံး iPhone လို့ညွှန်းထားပါတယ်။

သတင်းတွေအတိုင်း iPhone XS နဲ့XS Max တို့ဟာ eSMI နဲ့physical SIM တို့ကို သုံးသွားမှာ ဖြစ်ပြီး တရုတ်မှာတော့ XS Max ဟာ SIM Tray နှစ်ခု Dual SIM နဲ့ဖြန့်ချိသွားမှာပါ။ ဘက်ထရီသက်တမ်းမှာ iPhone XS ဟာ iPhone X ထက် မိနစ် ၃၀ နဲ့iPhone XS Max ဟာ ၁ နာရီခွဲ ပိုပြီး အားခံမှာ ဖြစ်ပြီး Gigabit LTE မြန်နှုန်းကို ပံ့ပိုးနိုင်မယ်လို့ဆိုပါတယ်။

Photo: CNET

 

ဈေးကွက်မှာတော့ iPhone XS အနိမ့်ဆုံးမော်ဒယ်ကို ၉၉၉ ဒေါ်လာ (မြန်မာငွေ ၁၅ သိန်းကျော်) နဲ့iPhone XS Max ကို ၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၇ သိန်း ခန့်) ဈေးတွေနဲ့လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့မှာ ရောင်းချသွားမှာပါ။

 

Share

Loading Next Article...
က္က