အကောင့်ပေါင်း ၁၃၀၀ ကျော် ပိတ်ခဲ့ပါတယ်။

TikTok ဟာ အမုန်းစကားတိုက်ဖျက်ရေးအတွက် အမေရိကန်နိုင်ငံအတွင်းမှ သိန်းနဲ့ချီတဲ့ ဗွီဒီယိုတွေ ဖယ်ရှားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

အမေရိကန်မှာ Hate Speech မူဝါဒချိုးဖောက်တာကြောင့် ယခုနှစ်အတွင်း ဖယ်ရှားခံရတဲ့ TikTok ဗွီဒီယိုပေါင်း ၃၈၀၀၀၀ ကျော် ရှိတယ်လို့ South China Morning Post သတင်းက ဆိုပါတယ်။ TikTok ကုမ္ပဏီဟာ အမုန်းစကားချိုးဖောက်ခဲ့တဲ့ အမေရိကန်နိုင်ငံမှ ဗွီဒီယိုပေါင်း ၃၈၀၀၀၀ ကျော် နဲ့ မှတ်ချက်ပေါင်း ၆၄၀၀၀ ကျော်ကို ဖြုတ်ချခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။



Photo: TikTok NewRoom

TikTok ဟာ Hate Speech မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သုံးစွဲသူ ၁၃၀၀ ကျော် ပိတ်ပင်ခဲ့တာပါ။ TikTok ဟာ app ရဲ့ search results ‌ပေါ် တက်လာတဲ့ အမုန်းစကားအကြောင်းအရာတွေ ပိတ်ပင်ဖို့ အဆင့်ဆင့် လုပ်ဆောင်နေတယ်လို့ TikTok ရဲ့ Head of Safety ဖြစ်သူ အဲရစ်ဟန်က ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ အချက်အလက်စောင့်ကြည့်ရေး Moderation Teams တွေကို ယဉ်ကျေးမှု ထိပါးတာနဲ့ အတင်းအဖျင်းတွေလို မသိသာတဲ့ အကြောင်းအရာတွေကိုပါ ပိုပြီး ဖော်ထုတ်နားလည်နိုင်အောင် သင်ကြားပေးနေပါတယ်။" လို့ ဟန်က ဆိုပါတယ်။

Photo: slashgear


TikTok ဟာ တရုတ်အစိုးရကို ဝေဖန်တဲ့ content တွေကို ဆင်ဆာဖြတ်တာကြောင့် ဝေဖန်ခံနေရပါတယ်။ TikTok ကတော့ သုံးစွဲသူအချက်အလက်များ တရုတ်နိုင်ငံကို ပေးပို့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ Anti-Defamation League မှလည်း TikTok ဟာ လူဖြူအမျိုးသားဝါဒ ၊ အစွန်းရောက်မှုနဲ့ ဂျူးလူမျိုးရေးခွဲခြားမှုများကို အပြည့်အဝတိုက်ဖျက်မှု မလုပ်ခဲ့ဘူးလို့ ပြောထားပါတယ်။

လက်ရှိမှာ အမေရိကန်အစိုးရဟာ TikTok ကို နိုင်ငံအတွင်း လုပ်ငန်းလုပ်ဆောင်မှုများ ရောင်းချဖို့ ညွှန်ကြားထားပါတယ်။အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေဟာ TikTok ကို ဝယ်ဖို့ မျက်စိကျနေပြီး ဒီထဲမှာ Microsoft နဲ့ Oracle တို့လည်း ပါဝင်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က