ချိုးရုပ် ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာလေးဖြစ်ပါတယ်။

ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရွှေပိုးအိမ်ကို အရူးမလေးတစ်ယောက် ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါရိုက်တာ ခင်လှိုင်ရဲ့ သင်ပြမှုတွေအပေါ်မှာလည်း အကောင်းဆုံးကြိုးစားခဲ့ပါတယ်တဲ့။

Photo: Shwe Poe Eain

ရွှေပိုးအိမ်က ဒါရိုက်တာခင်လှိုင် ရိုက်ကူးတဲ့ 'ချိုးရုပ်' ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာအပေါ် အရမ်းကို ကျေနပ်ပီတိဖြစ်လို့နေပါတယ်။ ခင်လှိုင်ရဲ့ သင်ကြား ညွှန်ကြားပေးမှုအောက်မှာလည်း ကြိုးစားသရုပ်ဆောင်ခဲ့ပါတယ်တဲ့။

‘’ချိုးရုပ် အရမ်းသရုပ်ဆောင်ချင်ခဲ့တဲ့ အရူးမ ကာရိုက်တာ သရုပ်ဆောင်ခွင့်ရတော့ အရမ်းပျော်မိတယ်။ လုပ်နိုင်ပါ့မလားလို့ စိုးရိမ်စိတ်တွေ,ကြောက်စိတ်တွေ ဝင်ခဲ့တယ်။ ဒါရိုက်တာ ဦးခင်လှိုင်ရဲ့ သွန်သင်ညွှန်ကြားမှု အောက်မှာ ရွှေပိုးကြိုးစားခဲ့တယ်။ တီတီစိုးမိုးကြည်ကလည်း အများကြီးလက်တွဲခေါ်တယ်’’ ဆိုပြီးတော့ မေလ ၆ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Shwe Poe Eain

အဲဒီနောက် မိတ်ကပ်ပညာရှင်တွေရဲ့ ပံ့ပိုးမှုကြောင့် အရူးမ ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တယ်လို့ ရွှေပိုးအိမ်က ပြောပြခဲ့ပါသေးတယ်။

‘’မအိ ကလည်း သေချာသင်ပေးတယ်။ နှင်းဆီဖြူရဲ့မိတ်ကပ် affect တွေကြောင့်လည်း ရွှေပိုး တကယ် အရူးမနဲ့ တူသွားတယ်။ ရွှေပိုးမှာ ခွန်အားရှိသလောက် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ကူညီတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်’’ လို့လည်း ဆက်လက်ရေးသားထားပါသေးတယ်။

Photo: Shwe Poe Eain

ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီမြင့်မြတ်၊ တိုင်ရွန်၊ အိချောပို၊ ရွှေပိုးအိမ်၊ ညီနန္ဒ၊ ခင်လှိုင်၊ ဂျိုကာ၊ းမိုးကြည်၊ တက္ကသိုလ်ဂွမ်းပုံတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ အဆိုတော်ကြက်ဖကလည်း အထူးဧည်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာကနေ အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။ မီဒီယာကဏ္ဍတစ်ခုရဲ့ Sexy ပုံတွေကြောင့် ဝေဖန်မှုတွေအများကြီး ကြုံခဲ့ရတဲ့သူ့ကို ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က