သူမ ဝလာလို့ ၊ မလှတော့လို့ ဖောက်ပြန်မယ့် ယောကျ်ားထဲမှာ သူ့ခင်ပွန်းမပါဘူးတဲ့။

အမရာငြိမ်းကတော့ သူမရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ကြီးတဲ့သူ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူမ အတွက် စိုးရိမ်စရာမလိုတဲ့ ဒီ ခန္ဓာကိုယ်ကို ဝေဖန်တဲ့သူတွေရှိတဲ့အကြောင်း ပြောလာပါတယ်။

Photo: အမရာငြိမ်း

ပရိသတ်အချစ်တော် အလှမယ် အမရာငြိမ်းကတော့ အခုဆိုရင် အိမ်ထောင်ရှင်မလေး တစ်ယောက်ဖြစ်လ့ိုနေပါပြီ။ ဒါပေမယ့် အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ သူူမကို ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဝေဖန်လာသူတွေရှိတယ်လို့ ဆိုပါတယ်။

"အရမ်းဝနေပြီ....ဒီလိုပုံကြီးနဲ့သာဆို ယောကျာ်းက စိတ်ကုန်သွားမယ်" လို့တကူးတကကို comment မှာ ဒေါက်လာဖြုတ်တဲ့ အစ်မကိုပြောချင်တာတစ်ခုပဲ။ "အစ်မဝရင် ကျွန်မလောက်လှမှာလား?" လို့ ဝိတ်ကချရင် ခဏနဲ့ဝုန်းဆိုပြုတ်ကျတတ်တဲ့ ကျွန်မပါနော်။ မလိုအပ်သေးတဲ့အချိန်မို့ သိပ် worry ကြီး ထားမနေပဲ ပဲ ပျော်သလိုနေနေတာပါ။ ရုပ်ကြီးဂွမ်း အရပ်ကြီးပုနေတာကမှ တော်ရုံဘယ်လိုမှ ပြင်မရတာပါလို့’’ ဆိုပြီးတော့ ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။  

Photo: အမရာငြိမ်း

သူမရဲ့ စိတ်ချမ်းသာမှုတွေကြောင့် အခုလို အေးအေးချမ်းချမ်း လှလှပပ နေနိုင်တာလို့လည်း အမရာငြိမ်းက ဆက်လက် ပြောပြခဲ့ပါတယ်။

‘’ကျွန်မအလှပြင်တယ်၊ လှအောင်နေတယ်ဆိုတာလည်း ကျွန်မတစ်ဦးတည်းစိတ်ချမ်းသာဖို့ အတွက်သာဖြစ်ပြီး ယောကျာ်းကြောင့် မဟုတ်တာလည်း ၁၀၀%သေချာပါတယ်လို့။ ကျွန်မယောကျာ်းကလည်း မိန်းမဝလာလို့ မလှတော့လို့ အိုသွားလို့ ဖောက်ပြန်သွားမယ့် အောက်တန်းစား အနိမ့်စားစိတ်ဓာတ်နဲ့ ယောကျာ်းမျိုး မဟုတ်တာလည်း လုံးဝသေချာတာက တစ်ကြောင်းပေါ့’’ လို့ဆိုပါတယ်။

Photo: အမရာငြိမ်း

အမရာငြိမ်းဟာ အခုလိုတွေပြောခဲ့တဲ့အပေါ် မုန်းတဲ့သူတွေရှိမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် သူမကို ထိခိုက်လာတဲ့အပေါ် မနေနိုင်ခဲ့လို့ ရင်ဖွင့်လိုက်တာပါတဲ့။

‘’လူတွေရဲ့မနာလိုစိတ်တွေကမြင်လို့တောင်မကောင်းဘူး။ အဲ့ဒီလိုပြောချလိုက်ရင်လည်း ကိုယ့်ကိုပိုမုန်းကြ ဝုန်းကြဦးမယ်။ သိပါတယ်.....ဒါပေမယ့် မနေနိုင်လွန်းလို့ရေးချလိုက်ပြီ I Am Chubby And Pretty’’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ အခုချိန်မှာတော့ အမရာငြိမ်းဟာ ခင်ပွန်းဖြစ်သူ ကိုသော်ဇင်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ထူထောင်ထားနိုင်ပြီဖြစ်ပါတယ်။ သူတို့ အိမ်ထောင်သက်တမ်းကတော့ ၇ လရှိပါပြီ။

Photo: အမရာငြိမ်း

အမရာငြိမ်းကိုတော့ ပရိသတ်တွေက Miss Myanmar International 2015 (Winner) အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Miss Universe Myanmar 2013 ခုနှစ်မှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသလို Miss Universe Myanmar 2018 ပြိုင်ပွဲ မှာလည်း အလှမယ် ဝင်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ ကလေးဘဝတုန်းက Miss People ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က