မန်စီးတီးအသင်းက တစ်ပွဲပိုကစားထားပြီး ဂိုးကွာခြားချက်အရ အမှတ်ပေးဇယားအဆင့်(၁)နေရာကိုရောက်ရှိနေပါတယ်။

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က အသင်းအမှတ်ပေးချန်ပီယံဖြစ်ဖို့အတွက် ရင်ဆိုင်ရမယ့် ဖိအားတွေနဲ့အခက်အခဲတွေကို တစ်ဦးတည်းကိုင်တွယ်ဖြေရှင်းနိုင်ပြီး အကူအညီမလိုဘူးလို့ ဘုန်းမောက်နဲ့ပွဲမတိုင်ခင်ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

 

လီဗာပူးလ်အသင်းဟာ ၁၉၉၀ကတည်းက လက်လွှတ်ထားရတဲ့ အမှတ်ပေးချန်ပီယံဆုကို ဒီရာသီမှာ ပထမဆုံးပြန်လည်ရယူနိုင်ဖို့အတွက် အလားအလာကောင်းတွေရှိနေပေမယ့် မန်စီးတီးအသင်းရဲ့အနီးကပ်ဖိအားပေးမှုကိုခံနေရပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်းက တစ်ပွဲပိုကစားထားပြီး ဂိုးကွာခြားချက်အရ အမှတ်ပေးဇယားအဆင့်(၁)နေရာကိုရောက်ရှိနေပါတယ်။ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကတော့ ရင်ဆိုင်နေရတဲ့ဖိအားတွေအားလုံုးကို သက်သောင့်သက်သာ ရင်ဆိုင်ဖြေရှင်းနိုင်တယ်လို့ပြောလိုက်ပြီး အကူအညီမလိုအပ်ဘူးလို့ပြောပါတယ်။

“စီးတီးကနောက်ဆုံး ၁၀ပွဲမှာ ၁၂မှတ်ဆုံးရှုံးခဲ့တယ်။ ကျွန်တော်တို့က ၇မှတ်ဆုံးရှုံးတယ်။ ထိပ်ဆုံးခြောက်သင်းနဲ့ဆုံတဲ့ပွဲတွေမှာစီးတီးက သုံးပွဲရှုံးတယ်။ တကယ်တော့ ဒါတွေကဘာမှအရေးမကြီးပါဘူး။ ကျွန်တော့်ခံယူချက်ကတော့ အကောင်းဆုံးကြိုးစားမယ်ဆိုရင် ဘယ်သူ့အကူအညီမှမလိုပဲ အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ။”လို့ ယာဂင်ကလော့ပ်က ဘုန်းမောက်နဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအပြင်ချန်ပီယံလိဂ်၁၆သင်းအဆင့်ကိုလည်း ရောက်ရှိနေပါတယ်။ ဂျာမနီလူမျိုးနည်းပြ ယာဂင်ကလော့ပ်လက်ထက်မှာ လီဗာပူးလ်အသင်းဟာ ချန်ပီယံဆုဖလားရယူနိုင်ခြင်းမရှိသေးပါဘူး။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)အပြီးအထိ တစ်ပွဲပဲရှုံးထားပြီး ပေးဂိုး ၁၅ဂိုးပဲရှိလို့ ခံစစ်အကောင်းဆုံးအသင်းဖြစ်နေပါတယ်။ လီဗာပူးလ်အသင်းဟာပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အဖြစ် ဒီနေ့ညမှာ ဘုန်းမောက်အသင်းနဲ့ကစားရမှာပါ။

Share

က္က