ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မလားဆိုတာ သေခာျမသိဘူးလို့ ပြောခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ယမန်နေ့ညက အဲဗာတန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုုင်ရရှိခဲ့ပြီးနောက် လီဗာပူးအသင်းထက် ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို အောင်မြင်စွာနဲ့ ကာကွယ်နိုင်မလား၊ မကာကွယ်နိုင်ဘူးလားဆိုတာကို မသိကြောင်း ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်စနေနေ့မှာ ဘုန်းမောက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပြီး ယင်းပွဲစဉ်အပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဂွါဒီယိုလာက ဆုဖလားမျှော်လင့်ချက်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ ဘယ်လောက်အထိ ဒီနေရာကို ရမလဲဆိုတာ မသိပါဘူး။ ကျွန်တော်တို့ လမ်းမှာတင် သေရင်လည်း သေသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားနေပါတယ်”

“လီဗာပူးအသင်းထက် ကျွန်တော်တို့ တစ်ပွဲပိုကစားထားပါတယ်။ ထိပ်ဆုံးမှာရှိနေရတာ ကောင်းပါတယ်။ ဒါပေမယ့် လီဗာပူးက အိုးထရက်ဖို့ဒ်မှာ ကစားဖို့ရှိနေပါတယ်”

“အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် အများကြီးမစဉ်းစားထားပါဘူး။ လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်လောက်တုန်းက ကျွန်တော်တို့က လီဗာပူးရဲ့နောက် ၇ မှတ်အကွာလောက်မှာရှိခဲ့တာပါ။ အဲဒါက ဘယ်တော့မှအရှုံးမပေးနဲ့ဆိုတဲ့ သင်ခန်းစာပဲ”

“လာမယ့်တနင်္ဂနွေမှာ ကျွန်တော်တို့ ချယ်ဆီးအသင်းနဲ့ မယုံနိုင်စရာစမ်းသပ်မှုပြုလုပ်ဖို့ ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က