ချယ်လ်ဆီးအတွက် ဟာဇက်ကပဲ ဂိုးထပ်သွင်းပေးခဲ့သလို လီဗာပူးလ်အတွက်လည်း စတားရစ်ချ်က ကယ်တင်ရှင်ဖြစ်ခဲ့ရပါတယ်။

လီဗာပူးလ်-ချယ်လ်ဆီးပွဲကတော့ ပရိသတ်ကို ဖျော်ဖြေနိုင်ခဲ့ပြီး တစ်ဖက်တစ်ဂိုးစီသရေနဲ့ပြီးဆုံးခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် ဟာဇက်ကပဲ ဂိုးထပ်သွင်းပေးခဲ့သလို လီဗာပူးလ်အတွက်လည်း စတားရစ်ချ်က ကယ်တင်ရှင်ဖြစ်ခဲ့ရပါတယ်။

1538239442053_lc_galleryImage_Liverpool_s_Mohamed_Salah.JPG

Photo: Daily Mail

 

နှစ်သင်းစလုံးက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘူး။ အမှတ်ပေးဇယားရပ်တည်မှုအရလည်းအရေးကြီးတဲ့ပွဲ။ ဒီပွဲမတိုင်ခင်ကြားရက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကာရာဘောင်းဖလားပွဲမှာလည်း ဆုံတွေ့ထားတော့ ဒီပွဲကို ပရိသတ်တွေ အရမ်းမျှော်လင့်ခဲ့ကြပါတယ်။ နှစ်သင်းစလုံးရဲ့ပွဲထွက်လူစာရင်းမှာတော့ ပုံမှန်ပွဲထွက်နေကျ ကစားသမားတွေပဲ အပြောင်းအလဲမရှိပါဝင်လာပါတယ်။ ချယ်လ်ဆီးတိုက်စစ်မှာ ဂိုးပေါက်ပျောက်နေပေမယ့် ဂီရော့ဒ်ကိုပဲ ပွဲထွက်စာရင်းမှာအသုံးပြုခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဆာလက်၊ ဖာမီနို၊ မန်နီတို့အတွဲပဲ ပွဲထွက်လာပါတယ်။

Photo: Daily Mail

မော်ရင်ဟိုကို အပူမီးတွေ ပိုတောက်စေခဲ့တဲ့ ရှုံးပွဲ 

ပွဲအစ ငါးမိနစ်အထိနှစ်သင်းစလုံးဟာ ဘောလုံးပိုင်ဆိုင်မှုကိုပဲ ဦးစားပေးပြီး ပွဲကိုထိန်းကစားခဲ့ကြပေမယ့် ငါးမိနစ်နောက်ပိုင်းမှာတော့ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေလုပ်လာနိုင်ပါတယ်။ လီဗာပူးလ်အသင်း ကတော့ပွဲကိုပိုပြီးထိန်းချုပ်ကစားနိုင်တာတွေ့ရပြီး တိုက်စစ်ကစားပုံလည်း ချယ်လ်ဆီးထက်ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးရဲ့တန်ပြန်တိုက်စစ်တွေကလည်း လီဗာပူးလ်ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာတော့ ချယ်လ်ဆီးတို့အဖွင့်ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ လွန်ခဲ့တဲ့သုံးရက်က ကာရာဘောင်းဂိုးသွင်းရှင် ဟာဇက်ကပဲသွင်းယူပေးခဲ့တာပါ။ ဒီဂိုးက ပွဲချိန် ၂၅မိနစ်မှာရခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာတော့ ချယ်လ်ဆီးက ၁-ဝဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo: Daily Mail

 

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တိုက်စစ်မှာ ရှာကွီရီ၊ စတားရစ်ချ်၊ ကီတာတို့ကိုထည့်ပြီး အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံးအခွင့်အရေးတွေအပြန်အလှန်ရခဲ့ပေမယ့် ဂိုးထပ်မရကြပဲ ပွဲချိန် ၈၉မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုးရခဲ့ပါတယ်။ ဒီဂိုးက ဒီရာသီ ပထမဆုံး ရှုံးပွဲကြုံရမယ့်အခြေအနေကို ကယ်တင်နိုင်ခဲ့တာပါ။ ချေပဂိုးရှင်ကတော့ လီဗာပူးလ်အကျပ်အတည်းကြုံတိုင်း ကယ်တင်တတ်တဲ့ တိုက်စစ်မှူး စတားရစ်ချ်က သွင်းခဲ့တာပါ။ ပွဲအပြီးမှာတော့ နှစ်သင်းစလုံး တစ်ဖက်တစ်ဂိုးစီနဲ့ အမှတ်ခွဲယူခဲ့ရပါတယ်။

Share

Loading Next Article...
က္က