Gucci အမှတ်တံဆိပ်နဲ့ ဖက်ရှင်လေးပါ။

ရွှေမှုံရတီက ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျရောက်တဲ့ သူတို့ရဲ့ အမှတ်တရနေ့လေး မတိုင်ခင်မှာ ရွှေထူးကို Surprise လုပ်ခဲ့ပါတယ်။ ဇနီးဖြစ်သူရဲ့ လက်ဆောင်ကြောင့်လည်း ရွှေထူးတစ်ယောက် အံ့သြဝမ်းသာလို့နေပါတယ်။

Photo: Shwe Hmone Yati



ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာကျရောက်တဲ့ Anniversary နေ့လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ တွေ့ရပါတယ်။ အမှတ်တရနေ့လေး မတိုင်ခင် ရွှေမှုံရတီက ရွှေထူးကို Surprise လုပ်ခဲ့ပါသေးတယ်။

‘’ ပါပါးကို မိန်မိန်းတို့ရဲ့ အမှတ်တရနေ့လေးမှာ Present လေးပေးချင်တယ်’’ ဆိုပြီးတော့ ဖေ့စ်ဘွတ်ပေါ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီ ၄၇ မိနစ်က Live လွှင့်ရင်း ခင်ပွန်းဖြစ်သူ ရွှေထူးကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ရွှေမှုန်ရတီက ရွှေထူးကို Gucci အမှတ်တံဆိပ်ပါ အကျီၤနဲ့ ဘောင်းဘီ အမိုက်စား ဝတ်စုံတစ်စုံ လက်ဆောင်ပေးခဲ့တာပါ။

Photo: Shwe Mhone Yati

ဇနီးဖြစ်သူရွှေမှုံရတီရဲ့ လက်ဆောင်ကိုလည်း ရွှေထူးက အရမ်းကို ကြိုက်နှစ်သက်တာ တွေ့ရပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်ကလည်း အမှတ်တရနေ့လေးမှာ အရမ်းကိုပျော်နေကြပါတယ်။ ‘’ Thank You, မူးအောင်တိုက်ပြီးတော့မှ ရတာ။ ပျော်တယ်’’ ဆိုပြီးတော့ အံ့သြဝမ်းသာမှုတွေနဲ့ ရွှေထူးက ပြောပြလာပါသေးတယ်။

Photo: Shwe Mhone Yati

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး လက်ထပ်ခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo: Shwe Mhone Yati

ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ်လည်း ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအမိုက်စားတွေ ဖန်တီးပေးဦးမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က