သူ့ရဲ့ ပျော်ရွှင်မှုတွေကို ရင်ဖွင့်ပြောပြထားပါတယ်။

ရဲလေးတစ်ယောက် မွေးနေ့တစ်နေ့တည်းမှာ ကိတ်မုန့် ၅ လုံးနဲ့ မွေးနေ့လုပ်ပေးတာကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ မွေးနေ့မှာ ပျော်ရွှင်မှုတွေနဲ့ အတူ ကုသိုလ်ရေးတွေပါ ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။

 

Photo: Ye Lay

ရဲလေးတစ်ယောက် ဇန်နဝါရီလ ၁၁ ရက်နေ့က ကျရောက်ခဲ့တဲ့ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေက လုပ်ပေးတဲ့ မွေးနေ့ အမှတ်တရတွေကြောင့် ဝမ်းသာပီတိဖြစ်လို့ မဆုံးပါဘူးတဲ့။ ဒီနှစ်မွေးနေ့ပွဲကတော့ သူ့အတွက် ထူးခြားမှုတွေနဲ့ စတင် လိုက်တဲ့ နှစ်လို့ ရင်ဖွင့်ပြောပြထားပါတယ်။

''မနေ့က ဇန်နဝါရီ(၁၁ ) ကတော့ တကယ် ကို ကျွန်တော့်အတွက်အမှတ်တရတွေနဲ့ကျန်ရစ်ခဲ့စေတဲ့မွေးနေ့လေးဖြစ်ခဲ့ပါတယ် ဗျာ။ ည ၁၂:၀၀ ထဲကစလိုက်တဲ့မွေးနေ့ တစ်နေ့တည်းကိတ်မုန့်ငါးလုံး နဲ့မွေးနေ့ပွဲလေးတွေပြုလုပ်ပေးခဲ့တဲ့ချစ်တဲ့သူငယ်ချင်းတွေ ပရိသတ်တွေ မိတ်ဆွေတွေ၊ မွေးနေ့အတွက်ရော နှင်းဆီပဝါခြံ ုတဲ့လက် အငြိမ့်အတွက်ပါ အမှတ်တရ တွေ ဖြစ်စေခဲ့ပါတယ်'' လို့ သူကဆိုပါတယ်။

 

Photo: Ye Lay

ရဲလေးရဲ့ မွေးနေ့ ကိုတော့ ပရိသတ်တွေသာမက အနုပညာရှင်အသိုင်းအဝိုင်းများကလည်း မွေးနေ့ ဆုမွန်ကောင်း တောင်းပေး ခဲ့ကြပါသေးတယ်။ 

''အချိန်ယူပြီးတစ်ကူးတစ်က မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ သူငယ်ချင်း၊ ပရိသတ်၊ မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုးများ အားလုံးကို ပြောမပြတတ်အောင် ကျေးဇူးပင်လယ်ပါ လို့ပဲပြောလိုက်ချင်ပါတယ် ခင်ဗျာ'' ဆိုပြီးတော့ ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီ ၄၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

 

Photo: Ye Lay

အဲ့ဒီနောက် ရဲလေးက သူ့ရဲ့ မွေးနေ့ အလှူအဖြစ် ဘုရားသွား ကုသိုလ်ယူ၊ ခိုငှက်တွေကို အစာကျွေး၊ ငါးစာတွေ ကျွေးပြီး ပရိသတ်တွေနဲ့ အတူတူ မွေးနေ့ တစ်ရက်တာကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ကုသိုလ်အလှူအတွက်ကိုလည်း ပရိသတ်တွေက Comment ကနေတဆင့် သာဓု ၃ ကြိမ်ခေါ်ဆိုခဲ့ကြပါသေးတယ်။

 

Photo: Ye Lay

ရဲလေးက သူ့ရဲ့ အမာခံပရိသတ်တွေနဲ့လည်း မကြာခဏ တွေ့ဆုံပြီး အလှူအတန်းတွေလုပ်ဖြစ်နေတဲ့သူတစ်ယောက်ပါ။ အနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က