ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ထူးဆန်းဖွယ်ဖြစ်ရပ်တစ်ခုလို့လည်းဆိုပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်က ရန်ကုန်-မန္တလေးအမြန်လမ်းကနေ ခရီးသွားရင်း ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းဖွယ် ဖြစ်ရပ်တစ်ခုကို သရုပ်ဆောင်နိုင်လူက ပြောပြခဲ့ပါတယ်။ 

မန္တလေးဘက်ကို အလုပ်ကိစ္စတစ်ခုနဲ့ မိသားစုလိုက် ခရီးသွားရင်း မိုင် ၂၀၀ကျော်ခန့် ရောက်တဲ့အချိန်မှာ အခုလို ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

" ဦးနိုင်လူသမီးလေး ၁နှစ်သမီးကျော်ကျော်အရွယ်လေးလောက်မှာ မန္တလေးကိုအလှကုန်ပစ္စည်းကိစ္စနဲ့ သွားကြတာပေါ့။ ကားပေါ်မှာ ဝန်ထမ်းတွေလည်းပါကြတယ်။ မိသားစုတွေလည်းပါကြတယ်ပေါ့နော်။ ဦးနိုင်လူက ဘာသာရေးလုပ်တဲ့အချိန်ကလည်းဘာသာရေးလုပ်တယ်။ သောက်တဲ့အချိန်ကလည်းသောက်တာပေါ့နော်။အဲ့ဒီတုန်းကအရက်သောက်တယ်။ အမြန်လမ်းဇီးရိုးမိုင်ကိုရောက်တော့ ညကိုးနာရီပေါ့။ ၉နာရီလောက်ကနေ မောင်းလိုက်တာ။ ဦးနိုင်လူက ကားနောက်ဖက်မှာ အိပ်နေတာပေါ့။ နိုးတဲ့အချိန်မှာ မနက်၅နာရီထိုးနေပြီ။ဘယ်ေရောက်ပြီလဲလို့မေးလိုက်တော့ ဦးနိုင်လူအမျိုးသမီးရဲ့မောင်ကိုမေးလိုက်တာပေါ့။ ၁၁၅မိုင်နားပဲ ရောက်သေးတယ်တဲ့။ဘယ်လိုဖြစ်လို့ ၁၁၅မိုင်နားပဲရောက်သေးတာလဲပေါ့။ အဓိပ္ပာယ်မရှိတာ။ ငါတို့ထွက်လာတာ ၉နာရီကတည်းကလေလို့။ ၉နာရီမှာအမြန်လမ်းဇီးရိုးမိုင်ကိုရောက်တယ်။ တကယ်တကယ့်ကို ဒီဟာက ၁၁၅မိုင်ထက် ကျော်နေရမှာပေါ့နော်။ငါ မောင်းမယ်ဆိုပြီး မျက်နှာသစ်ပြီး မောင်းတာ။ ၆နာရီခွဲလောက်မှာ ၁၁၅မိုင်ကနေ ပြန်ထွက်တယ်။ ဦးနိုင်လူအိပ်ထားတာအိပ်ရေးကလည်းဝနေပြီလေ။ဘာမှ အိပ်ရေးပျက်စရာအ ကြောင်းမရှိဘူး။



၇နာရီလောက်လည်းကျရော မိုင်၂၀၀ ပတ်ဝန်းကျင်လောက်မှာ အရမ်းငိုက်လာတယ်။ အမျိုးသမီးကို မိန်းမအရမ်းအိပ်ချင်နေပြီလို့ ဒီထက်ဆက်မောင်းရင်လည်း ကားက မှောက်ဖို့ပဲ ရှိတော့မယ်။အိပ်ချင်လည်းအိပ်လေ ဆိုလည်းဆိုရော မှေးခနဲ အိပ်ပျော်သွားတယ်။နာရီဝက်လောက်ပဲရှိဦးမယ်။နားထဲမှာအဘကြီးတစ်ယောက်ကလာပြောတာ။အိပ်မက်လိုလိုတကယ်လိုလိုပေါ့။ ဆတ်ခနဲ ဖြစ်သွားတဲ့အချိန်မှာမင်းတို့ကားပေါ်မှာလူကိုးယောက်ရှိတယ်တဲ့။ ဒီအတိုင်းသွားရင်ဒုက္ခရောက်တော့မယ်တဲ့။ မောင်ကျောက်ခဲလေးကိုခေါ်သွားတဲ့။ ဦးနိုင်လူကနေ အမျိုးသမီးကို ကိုယ်နဲ့စကားပြောတဲ့ အဘကြီးတစ်ယောက်ဘယ်ရောက်သွားပြီလဲလို့။တစ်စီးလုံးကလည်းအိပ်ပျော်သွားကြတာ။ ဘယ်သူလာပြောလို့လည်း ဘယ်သူမှ လာမပြောဘူးတဲ့။ လူရေကြည့်ဆိုတော့မှ တကယ်၉ယောက်ဖြစ်နေတာ။ ခေတ်ဆည်းဆာကို ထည့်ပြီး မရေ မိတာ။ ကလေးက တစ်နှစ်ကျော်ကျော်လောက်ပဲရှိသေးတော့ မရေလိုက်မိတာ။ ကံကောင်းလို့။ ကားပေါ်ပါလာတဲ့သူတွေကိုမေးကြည့်တာ. မင်းတို့ညက ဘာတွေထူးခြားတာတွေ့သေးလည်းဆိုတော့ အဘကြီးတစ်ယောက်က ကားဘေးက နေလိုက်ပြီးတော့ လက်တားပြနေတယ်တဲ့။ သူမျက်စိထဲလည်း ကားလမ်းပေါ်မှာ နွားလှည်းတွေမြင်လိုက်။ မြို့ထဲမှာကားလမ်းပေါ် လူတွေ ဖြတ်ကူးသလို မြင်တယ်လို့လည်းသူပြောတယ်။ အဲဒါကြောင့် အမြန်လမ်းသွားမယ်ဆိုရင် လူ(၉) ယောက်မသွားဖို့အကြံပေးချင်ပါတယ်။"ဆိုပြီးသရုပ်ဆောင်နိုင်လူက ‌သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေအကြောင်းကိုပြောပြခဲ့ပါတယ်။

Photo- Naing Lu FB

သရုပ်ဆောင်နိုင်လူကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူက အနုပညာအလုပ်တွေထက် မိသားစုစီးပွားရေးကိုသာ အားစိုက်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ 

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ထူးဆန်းဖွယ်ဖြစ်ရပ်တစ်ခုလို့လည်းဆိုပါတယ်။ 

Share

Loading Next Article...
က္က