ရူဘီရာလက်စ်က ကျူးလွန်ခဲ့တာပါ။

စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရူဘီရာလက်စ်ဟာ အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ဆုပေးပွဲအခမ်းအနားမှာ မလျော်မကန်ပြုမူခဲ့တယ်လို့ ဝေဖန်ခံနေရပါတယ်။ ရူဘီရာလက်စ်ဟာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်အမျိုးသမီးအသင်း ကွင်းလယ်လူ ဟာမိုဆိုကို ဆုပေးပွဲစင်မြင့်မှာ နှုတ်ခမ်းချင်း တေ့နမ်းခဲ့တာပါ။



စပိန်အမျိုးသမီးအသင်းနဲ့ အင်္ဂလန်အမျိုးသမီးအသင်းတို့ ကစားခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စပိန်အသင်းခေါင်းဆောင် ကာမိုနာက ဒီပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဟာမိုဆိုကတော့ ဒီပွဲမှာ ပင်နယ်တီလွဲခဲ့ပြီး သူ့ရဲ့ ပင်နယ်တီကန်ချက်ကို အင်္ဂလန်အမျိုးသမီးအသင်း ဂိုးသမား မယ်ရီအပ်စ်က ကာကွယ်နိုင်ခဲ့ပါတယ်။


ဆုပေးပွဲအခမ်းအနားမှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကြီးက ဆုချီးမြှင့်ရေးအဖွဲ့ထဲ ပါဝင်ခဲ့ပြီး သူ့ကစားသမားတွေကို ဝမ်းပန်းတသာနဲ့ နှုတ်ဆက် ကြိုဆိုခဲ့ပါတယ်။ ဒီအထဲမှာ ပြောစရာဖြစ်ခဲ့တာကတော့ ရူဘီရာလက်စ်က ဟာမိုဆိုရဲ့ခေါင်းကိုကိုင်ကာ နှုတ်ခမ်းချင်း အားရပါးရတေ့နမ်းခဲ့တာပဲဖြစ်ပါတယ်။

ဒီလုပ်ရပ်က စက္ကန့်ပိုင်းသာ ကြာမြင့်ခဲ့ပေမယ့် ပရိသတ်တွေအတွက်တော့ ဝေဖန်စရာဖြစ်နေပါတယ်။ ပရိသတ်တွေက “ဒီလိုလုပ်ရပ်မျိုးကို ငါတို့ မကြိုက်ပါဘူး” လို့ဆိုကာ အမျိုးမျိုး မှတ်ချက်ပေးပြီး ရူဘီရာလက်စ်ရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပါတယ်။ ရူဘီရာလက်စ်ကတော့ “ဒီလိုမျိုး စပိန်အမျိုးသမီးအသင်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာက ဘဝရဲ့ အကောင်းဆုံးခံစားချက်ပဲ”

“ဒါကို ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ၊ စပိန်မှာရှိတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဘောလုံးကို ကျွန်တော်တို့ ကစားချင်တဲ့အတိုင်း ကစားနိုင်ခဲ့ကြလို့ပါ။ ငါတို့တွေ ကမ္ဘာ့ဖလားရခဲ့ပြီ။ ငါတို့က ကမ္ဘာ့ချန်ပီယံတွေကွ” လို့လည်း အင်တာဗျူးမှာ အားရပါးရ ပြောကြားသွားခဲ့ပါသေးတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က