သူတို့စွဲလန်းမှုအပေါ်မူတည်ပြီး အစားစားတဲ့ အလေ့အထတွေ မူမမှန်တော့ဘဲ ဖြစ်လာတာပါ။

မူမမှန်တဲ့ အစားစားခြင်းအလေ့အထ (Eating Disorder) ဟာ ဆယ်ကျော်သက်နဲ့ အမျိုးသမီးငယ်တွေမှာ အများဆုံးတွေ့ရပြီး ကုသမှုမလုပ်ရင် သေဆုံးနိုင်တဲ့အထိ အန္တရာယ်များတဲ့ စိတ်ရောဂါဖြစ်ပါတယ်။ အစားအစာ ၊ ခန္ဒာကိုယ်အလေးချိန် ၊ ကိုယ်လုံးပုံသဏ္ဍာန် စတဲ့ သူတို့စွဲလန်းမှုအပေါ်မူတည်ပြီး အစားစားတဲ့ အလေ့အထတွေ မူမမှန်တော့ဘဲ ဖြစ်လာတာပါ။


Photo-cypresslakeslodge.com

မူမမှန်သော အစားစားခြင်းစိတ်ရောဂါ ဖြစ်စေတဲ့အကြောင်းရင်းများ

-အသက်အရွယ်

- ဟော်မုန်း

- မျိုးရိုးဗီဇ

- စိတ်ခံစားချက်ပြင်းထန်မှု

- ပတ်ဝန်းကျင်အနေအထား

အများဆုံးတွေ့ရတဲ့ မူမမှန်တဲ့ အစားစားခြင်းအလေ့အထ Eating Disorder (၅)မျိုး ရှိပါတယ်။

Anorexia nervosa (ဝလာမှာကို စိုးရိမ်ခြင်း)

Photo-valiantrecovery.com

ဒါကတော့ အများဆုံး သိကြတဲ့ အစားစားခြင်းဆိုင်ရာ စိတ်ရောဂါတစ်မျိုးပါ။ မိမိရဲ့ ကိုယ်အလေးချိန်ကို တစ်ချိန်လုံး ဂရုစိုက်နေပြီး အပြောင်းအလဲလေး နည်းနည်းလောက်ဖြစ်ရင်ကိုပဲ ငါ ဝိတ်တွေကျနေပြီ ၊ ငါ ဝိတ်တွေတက်နေပြီဆိုပြီး ပြောင်းလဲဖို့ တွေးမိတတ်ပြီး မိမိကိုယ်ကိုလည်း သူများနဲ့ နှိုင်းယှဉ်ကြည့်နေတတ်ပါတယ်။ ပေါင်မပြည့်တဲ့ အခြေအနေမှာတောင် ဝိတ်တတ်နေတယ်လို့ ထင်တာမျိုး ၊ ပိန်လွန်းနေတယ်ထင်ပြီး ဝချင်တယ်လို့ တွေးမိကြပါတယ်။ မိမိသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန် ၊ ကိုယ်ခန္ဒာရဖို့ အစားတွေရှောင်တာမျိုး ၊ အစားစားဖို့ကိုပင် ကြောက်လန့်နေတာ ၊ အစားစားပြီး ပြန်အန်တာ ဒါမှမဟုတ် အလွန်အကျွံစားတာတွေ ဖြစ်နိုင်ပါတယ်။ Anorexia ပြင်းထန်ရင် အလွန်အန္တရာယ်များပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

Bulimia nervosa (အစားအများကြီးစားပြီး ပြန်အန်ထုတ်ခြင်း)


Photo-samaa.tv

ဒီရောဂါကလည်း အဖြစ်များတဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။Bulimia ရောဂါရှိသူတွေက ပုံမှန်မဟုတ်ဘဲ အစာပမာဏများစွာကို မကြာခဏစားလေ့ရှိပါတယ်။ အစားစားခြင်းကို မရပ်တန့်နိုင်ဘဲ သူတို့ရဲ့ စားသောက်မှုကို သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်ပါဘူး။ပြီးတော့ စားပြီးတဲ့အခါမှာလည်း အန်ထုတ်ကြပါတယ်။ ပုံမှန်ကိုယ်အလေးချိန်ပဲရှိပေမယ့် ကိုယ်အလေးချိန်တက်မှာ ကြောက်ကြပါတယ်။သူ့ရဲ့ဆိုးကျိုးတွေကတော့ လည်ချောင်းနာခြင်း၊ တံတွေးဂလင်းများရောင်ခြင်း၊ သွားကြွေလွှာဟောင်းနွမ်းခြင်း၊ သွားပိုးစားခြင်း၊ အက်ဆစ်ပြန်လှန်ခြင်း၊ ပြင်းထန်သောရေဓာတ်ခန်းခြောက်ခြင်း ၊ ဟော်မုန်းမညီမျှခြင်းအပြင် ဆိုဒီယမ်၊ ပိုတက်စီယမ် နဲ့ ကယ်လ်စီယမ် electrolytes တွေ မညီမျှဘဲ လေဖြတ်ခြင်း သို့မဟုတ် နှလုံးထိခိုက်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။

Binge (အတိုင်းအဆမရှိစားခြင်း)


Photo-glamtush.com

ဒီရောဂါကလည်း bulimia (သို့) anorexia တွေနဲ့ ဆင်တူပါတယ်။ Binge ခံစားနေရတဲ့သူတွေဟာ အချိန်တိုအတွင်းမှာ အစားတွေအများကြီးစားကြပါတယ်။ဆာလောင်မှုကို မခံစားရရင်တောင် စားတတ်ကြပါတယ်။ အစားစားနေချိန်မှာလည်း အထိန်းအချုပ်မရှိပါဘူး။ တခြားရောဂါတွေနဲ့မတူတာက ဒီစိတ်အမျိုးအစားလူတွေက ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ပူပန်မှုမရှိကြပါဘူး။ဒါကြောင့် အဝလွန်ရောဂါ ၊ သွေးတိုးရောဂါ ၊ နှလုံးရောဂါ ၊ ဆီးချိုရောဂါတွေ ဖြစ်တတ်တယ်။

Pica (ပုံမှန်မဟုတ်သောအစားအစာများစားခြင်း)

Photo-welcomecure.com

Pica Eating Disorder ကတော့ ပုံမှန်မဟုတ်တဲ့ အရာတွေကို စားချင်စိတ်ဖြစ်တာမျိုးပါ။ရေခဲ၊ အညစ်အကြေး၊ မြေဆီလွှာ၊ မြေဖြူခဲ၊ ဆပ်ပြာ၊ စက္ကူ၊ ဆံပင်၊ အထည်၊ သိုးမွေး၊ ကျောက်စရစ်ခဲ၊ အဝတ်လျှော်ဆပ်ပြာ ၊ ပြောင်းဖူးမှုန့် စတဲ့ ပုံမှန်မဟုတ်တဲ့ အရာတွေကို စားချင်တာမျိုးပါ။ကိုယ်ဝန်ဆောင်ချဉ်ခြင်းတပ်တာမျိုးနဲ့ တူပါတယ်။လူကြီးတွေတင်မကဘဲ ကလေးများ ၊ ဆယ်ကျော်သက်များလည်း ဖြစ်နိုင်ပါတယ်။အထူးသဖြင့် ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နဲ့ စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူတွေမှာ အဖြစ်များပါတယ်။ဒါကြောင့် pica ရှိတဲ့သူတွေဟာ အဆိပ်သင့်ခြင်း၊ ပိုးဝင်ခြင်း၊ အူဒဏ်ရာများ နဲ့ အာဟာရချို့တဲ့မှုဖြစ်နိုင်ခြေပိုများတဲ့အပြင် စားသုံးမိတဲ့ ပစ္စည်းအပေါ်မူတည်ပြီး သေစေနိုင်ပါတယ်။

Rumination Disorder (အစာပြန်တက်ခြင်း)

Photo: Willow Pace

ဒါကတော့ နောက်ထပ်အသစ်တွေ့ရှိထားတဲ့ စိတ်ရောဂါတစ်မျိုးပါ။ စားပြီးသားအစားအစာကို ပြန်ထုတ်လိုက် စားလိုက်လုပ်တဲ့အခြေအနေပါ။ဒီစိတ်အခြေအနေရှိသူဟာ သူတို့အစားစားပြီး မိနစ်၃၀အတွင်းမှာကိုပဲ အစားတွေက ပြန်တက်လာပြီး ဒါကိုပဲ ပြန်စားတာမျိုးပါ။ဒီရောဂါဟာနို့စို့အရွယ်၊ ကလေးသူငယ်၊ ဒါမှမဟုတ်အရွယ်ရောက်ချိန်မှာဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးငယ်များမှာ အသက် ၃ လမှ ၁၂ လကြား ဖြစ်တတ်ပြီး အလိုလိုပျောက်သွားတတ်ပါတယ်။ တခြားအသက်အရွယ်မှာတော့ ကုသရပါတယ်။ တစ်ချို့ကျ အဲဒီလိုလုပ်ပြီး အစားတွေကို ထွေးထုတ်လိုက်တာကြောင့် ကိုယ်အလေးချိန်ကျဆင်းတာ ၊ ပြင်းထန်အာဟာရချို့တဲ့ခြင်းတို့ကိုဖြစ်စေပြီးသေစေနိုင်ပါတယ်။

ဒီလိုလူနာတွေကို ကုသမှုပေးခဲ့တဲ့ စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာသိန်းအုပ်စိန်ကတော့ ဒီရောဂါတွေကို အမျိုးသားတွေမှာလည်း တွေ့သလို အမျိုးသမီးတွေမှာ ပိုမိုတွေ့ရှိတယ်လို့ ဆိုပါတယ်။ သူတို့ကို ဆေးရုံမှာထားပြီး သူတို့အစားစားတာကို တစ်ဦးက စောင့်ကြည့်ပြီး မူမမှန်တဲ့ လက္ခဏာတစ်ခုခုလုပ်တော့မယ့်အခါမှာ တားဆီးထိန်းချုပ်တာမျိုး ပြုလုပ်ပေးရပါတယ်။အစပိုင်းမှာ နေရခက်ပေမယ့် နောက်ပိုင်းမှာ ပုံမှန်အခြေအနေကို ပြန်ရောက်ပြီး ကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုမူမမှန်တာမျိုးဖြစ်တဲ့အခါ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ကုသဖို့ Duwun ကတစ်ဆင့် အကြံပေးပြောကြားထားပါတယ်။

Share

Loading Next Article...
က္က