တန်ဟက်ခ်က သူ့ကစားသမားတွေ အမှားတွေများလွန်းတယ်လို့လည်း အော်ဟစ်နေပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အသင်းသစ်မှာ သူ့စိတ်ကြိုက်ကစားပုံကို ပုံသွင်းဖို့အတွက် အခုတည်းက ပြင်ဆင်ပေးနေပြီဖြစ်ပါတယ်။ တန်ဟက်ခ်ဟာ အေဂျက်စ်မှာ တချက်ထိ၊ အမြန်ပေး၊ ကစားကွက်ကို လျင်လျင်မြန်မြန် တည်ဆောက်တဲ့ ပုံစံ သွတ်သွင်းခဲ့တာဖြစ်ပြီး အခု ယူနိုက်တက်မှာပါ ဒါကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာပါ။



တန်ဟက်ခ်အလိုရှိတဲ့ ကစားပုံတွေဟာ ကစားသမားတွေဆီကနေ တောင်းဆိုမှုများပြားပြီး လျင်မြန်မှုနဲ့ကြံ့ခိုင်မှုပိုင်းက သာမန်ထက်အရေးပါလှပါတယ်။ အခု နောက်ဆုံးထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာတော့ တန်ဟက်ခ်အပါအဝင် ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေဟာ ကစားသမားတွေကို ဘောလုံးပေးပို့မှုလေ့ကျင့်ခန်း ပြုလုပ်စေပါတယ်။



ဒီဗီဒီယိုထဲမှာတော့ တန်ဟက်ခ်နဲ့နည်းပြအဖွဲ့ဝင်တွေက ကစားသမားတွေကို “ဘယ်ခြေ၊ ညာခြေ” အစရှိသဖြင့် အမျိုးမျိုး အော်ဟစ်လမ်းကြောင်းပေးနေပြီး တန်ဟက်ခ်ကတော့ “မင်းတို့ အမှားတွေများလွန်းတယ်ကွာ” လို့ အော်ဟစ်နေတာကိုလည်း ပရိသတ်တွေမြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် “ကောင်းရုံလောက်နဲ့ မလုံလောက်ဘူးကွ။ အဓိကရည်ရွယ်ချက်က အကောင်းဆုံးပုံစံကိုပြပြီး နိုင်ပွဲရဖို့” လို့လည်း တန်ဟက်ခ်က ပြောပါသေးတယ်။

တန်ဟက်ခ်နဲ့နည်းပြအဖွဲ့ဝင်တွေက “ဘရူနိုရေ ညာခြေ၊ ဘရူနို ညာခြေ” အစရှိသဖြင့် အော်ဟစ်ညွှန်ကြားနေခဲ့ပေမယ့် အချို့ကစားသမားတွေကတော့ တန်ဟက်ခ်တို့ ညွှန်ကြားတာကို ဘာမှန်းမသိဘဲ အမှားအယွင်းများစွာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီအတွက်တော့ တန်ဟက်ခ်အနေနဲ့ အချိန်ယူရဦးမှာဖြစ်ပေမယ့် ကစားသမားတွေက လျင်လျင်မြန်မြန်နဲ့ တိုးတက်လာတယ်လို့ သိရပါတယ်။

တန်ဟက်ခ်ကလည်း သူ့အသင်းဟောင်း အေဂျက်စ်က ကစားသမားအချို့ကို ပြန်လည်ခေါ်ယူလိုနေပြီး ဒီလိုခေါ်ယူတာက သူ့ကစားကွက်နဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေအပေါ် ဒီကစားသမားတွေက ကျေညက်ပြီးသားဖြစ်တာကြောင့်ပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က