ပေါလ်စခိုးလ်တို့အုပ်စုနဲ့ပတ်သက်လို့ အဲရစ်တန်ဟက်ခ်က ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ခ်ဟာ သူ့အသင်းရဲ့ အဝတ်လဲခန်းကို ဂန္တဝင်ကစားသမားဟောင်းတွေရဲ့ စကားလုံးတွေနဲ့ လွှမ်းမိုးခံနေမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက်အတွက် စောစောစီးစီးပဲ စတင်အလုပ်လုပ်နေပြီဖြစ်ပါတယ်။



ဒီနည်းပြဟာ လာမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဥ်ကိုလည်း သွားရောက်ကြည့်ရှုဖို့ ပြင်ဆင်ထားပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ အသင်းဝန်ထမ်းတွေ၊ ကစားသမားတွေကြားထဲမှာ စုစည်းမှုရှိအောင် အသင်းကို တည်ဆောက်သွားဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမယ့် အဲရစ်တန်ဟက်ခ်အတွက် စိုးရိမ်စရာအချို့ရှိပါတယ်။ ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်းမှာ ယူနိုက်တက်ဂန္တဝင်တွေဖြစ်တဲ့ ဖာဒီနန်၊ ဂယ်ရီနဗီးလ်၊ ပေါလ်စခိုးလ်၊ ရွိုင်ကိန်းတို့လို ပုဂ္ဂိုလ်တွေက သူတို့စိတ်တိုင်းမကျတဲ့ နည်းပြတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိပါတယ်။

ဒီကစားသမားဟောင်းတွေရဲ့ အပြောအဆို လွတ်ခဲ့တဲ့နည်းပြဆိုလို့ ဆိုးလ်ရှားတယောက်သာရှိခဲ့တာပါ။ အဲ့ဒါကြောင့်လည်း အဲရစ်တန်ဟက်ခ်တယောက် ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်မှာ ဖိအားဒဏ်တွေ ပိုခံရနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ နယ်သာလန်လူမျိုးနည်းပြကတော့ ဒီအတွက် ယုံကြည်မှုအပြည့်အဝရှိနေပါတယ်။

အဲရစ်တန်ဟက်ခ်က “ဝေဖန်မှုတွေ ပိုမိုပြင်းထန်လာတာမျိုး ဖြစ်နိုင်တာပေါ့။ ယူနိုက်တက်က အေဂျက်စ်ထက် ပိုမိုကြီးမားတဲ့ ပရိသတ်အင်အားကို ပိုင်ဆိုင်ထားပါတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလန်နိုင်ငံရော၊ ပရီးမီးယားလိဂ်ရော၊ အခြေခံကျတဲ့ အရာအားလုံးကရော ပိုမိုကြီးမားလို့ပါ။ နယ်သာလန်နဲ့နှိုင်းယှဥ်လိုက်ရင် နှစ်ချက်၊ သုံးချက်၊ လေးချက် ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုများနိုင်ပါတယ်”

“ကံကောင်းထောက်မစွာနဲ့ပဲ ကျနော်က ဘယ်အရာတွေကို ဘယ်လိုမျိုးအင်အားနဲ့ ဖြေရှင်းရမလဲဆိုတာကို သိလာခဲ့ပါတယ်။ ကစားသမားတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေက အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာတခုက ကျနော့်အဝတ်လဲခန်းထဲမှာ ဒီဝေဖန်မှုတွေက ဘာအကျိုးသက်ရောက်မှု၊ လွှမ်းမိုးမှုမှ မရှိစေရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

အဲရစ်တန်ဟက်ခ်ဟာ ပိုချက်တီနိုနဲ့အပြိုင် ယူနိုက်တက်နည်းပြဖြစ်ဖို့ ရေပန်းစားခဲ့တာပါ။ ယူနိုက်တက် ကစားသမားဟောင်းအဖွဲ့တွေက ပိုချက်တီနိုကို ပိုမိုသဘောကျခဲ့ပေမယ့် အမှုဆောင်အရာရှိချုပ်အသစ် ရစ်ချက်အာနိုးလ်အပါအဝင် ယူနိုက်တက်တာဝန်ရှိသူတွေက အဲရစ်တန်ဟက်ခ်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က