နေမာရဲ့ ဘောလုံးစွမ်းရည်ကတော့ လက်ဖျားခါလောက်အောင်ကိုပါပဲ။

နေမာကတော့ ဘရာဇီးလ်လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေကို စကေးလ်ပြလိုက်ပြန်ပါပြီ။ အမြင့်ပေ ၁၁၅ ပေကနေ ပြုတ်ကျလာတဲ့ ဘောလုံးကို သူက ထိန်းပြခဲ့တာဖြစ်ပြီး အားလုံးဝိုင်းကြည့်နေတဲ့အချိန်မှာ လုပ်ပြခဲ့တာပါ။ ဒါက နေမာရဲ့ အရည်အသွေးကို ဆန်းစစ်မှုတခုလို့ ဆိုနိုင်မှာဖြစ်ပြီး​ ကောင်းကင်ကနေ ဒရုန်းနဲ့လွှတ်ချလိုက်လို့ ကျလာတဲ့ ဘောလုံးကို နေမာက အလွယ်တကူပဲ ထိန်းပြခဲ့တာပါ။ 

ဘရာဇီးလ်နည်းပြအဖွဲ့ဝင်တဦးက ဝီစီမှုတ်လိုက်ချိန်မှာပဲ ဘောလုံးကကျလာခဲ့ပြီး နေမာက ညာခြေနဲ့ထိန်းခဲ့တာပါ။ ဒီနောက်မှာတော့ ဘရာဇီးလ်အသင်းဖော်တွေက နေမာကို ဂုဏ်ပြုဖို့အတွက် ဝိုင်းအုံပြေးလာကြခဲ့ပါတော့တယ်။ နေမာက သူ ဘာလို့နာမည်ကျော်ရတာလဲဆိုတာကို ပြသခဲ့တာဖြစ်ပြီး တကယ်ကို အံ့အားသင့်ဖွယ်ရာ ဘောလုံးထိန်းစွမ်းရည်ပဲဖြစ်ပါတယ်။ 



နေမာက လာမယ့် ကာတာကမ္ဘာ့ဖလားမှာ ဘရာဇီးလ်ကို ဦးဆောင်မယ့်သူလို့ အားလုံးက သတ်မှတ်ထားကြတာပါ။ ပီအက်စ်ဂျီအတွက်လည်း သူက ခြေစွမ်းပြကစားပေးခဲ့ပြီး အခုတော့ ဘရာဇီးလ်ကို ကိုယ်စားပြုပြီး ကစားပေးရတော့မှာပါ။ ဘရာဇီးလ်တိုက်စစ်ကို ဦးဆောင်လာမယ့် နေမာအတွက်လည်း ဒီကမ္ဘာ့ဖလားက လက်ရွေးစင်အသင်းနဲ့အတူ သူ ပထမဆုံးရယူဖို့ အားထုတ်ရမယ့် ဖလားဖြစ်ပါတယ်။ 



ဘရာဇီးလ်မှာတော့ တိုက်စစ်ပိုင်းက အင်အားအကောင်းဆုံးဖြစ်နေပြီး ဆုဖလားရယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းလည်းဖြစ်နေပါတယ်။ ဘရာဇီးလ်ရဲ့ လူစာရင်းနဲ့ ကစားသမားတွေရဲ့ ခြေစွမ်းပြသနေခဲ့မှုတွေကြောင့် ထိပ်ဆုံးမှာရှိနေတာဖြစ်ပြီး ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဆုဖလားရယူနိုင်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားကို ဘရာဇီးလ်တို့ ရယူပြနိုင်မလား စောင့်ကြည့်ရပါတော့မယ်။ 


Share

Loading Next Article...
က္က