display ဒီဇိုင်းပြောင်းထားပြီး မထင်ထားလောက်အောင် ဈေးမြောက်တဲ့ MacBook သစ်တွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Apple ရဲ့ ကိုယ်ပိုင် M1 chip သစ် သုံးပြီး ထူးထူးခြားခြား Notch Display နဲ့လာတဲ့ MacBook Pro သစ်တွေဟာ ပရီမီယံဆိုတာထက် ပိုတဲ့ဈေးနဲ့ ထွက်လာတာပါ။ MacBook Pro သစ်တွေဟာ Screen အရွယ်အစားပိုကြီးလာတဲ့ ၁၄.၂လက်မနဲ့ ၁၆.၂ လက်မ ဆိုဒ်တွေနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ အားကောင်းတဲ့ chipset သစ် ၊ အမြင့်စား Refresh rate Display နဲ့ အသုံးဝင်တဲ့ port တွေ တပ်ဆင်လာတဲ့ ဒီမော်ဒယ်တွေဟာ ဈေးလည်း မသေးလှပါဘူး။
Photo: The Verge
ဒီတစ်ခေါက် MacBook Pro တွေဟာ ဒီဇိုင်းပြောင်း (Redesign) လုပ်ထားပြီး M1 Pro နဲ့ M1 Max processor ဆိုပြီး processor သစ်နှစ်မျိုးနဲ့ မော်ဒယ်နှစ်မျိုးစီ ထွက်လာပါတယ်။ M1 Max ဟာ M1 Pro ရဲ့ GPU cores ထက် နှစ်ဆရှိပါတယ်။ M1 Pro မှာ 16 core သုံးထားပြီး M1 Max မှာ 32 core နဲ့ လာတာပါ။ memory bandwidth လည်း Pro မှာ 32GB သုံးထားပြီး M1 Max မှာ 64GB memory သုံးထားပါတယ်။
TouchBar အစား physical keys တွေ ပြောင်းလဲ အသုံးပြုလာပြီး ညာဘက်ခြမ်းမှာ SDXC slot တစ်ခု Thunderbolt 4 port နဲ့အတူ HDMI port တစ်ခုလည်း ပါရှိပါတယ်။ ဘယ်ဘက်ခြမ်းမှာ Thunderbolt 4 ports နှစ်ခုနဲ့ headphone jack တစ်ခုလည်း ပါလာပြီ ဖြစ်ပါတယ်။ မြင်ဖူးသမျှ MacBook တွေထဲမှာ ချိတ်ဆက်မှုအများဆုံး port တွေ အထည့်ဆုံးထုတ်ကုန်လို့ ပြောရမှာပါ။ M1 Pro မော်ဒယ်တွေဟာ Pro Display XDR နှစ်ခုကို support ပေးနိုင်ပြီး M1 Max က 4K TV သုံးခုအထိ နိုင်မယ်လို့ ဆိုပါတယ်။
1080p webcam ကင်မရာသစ်ပါလာပြီး low-light စွမ်းဆောင်ရည်မှာ အရင် MacBook တွေထက် နှစ်ဆ ပိုကောင်းမယ်လို့ ဆိုပါတယ်။ ပတ်ပတ်လည် Spatial Audio ကို support ပေးတဲ့ speaker ၆ လုံးတပ် အသံစနစ်သစ် ၊ brightness nit 1600 အထိ ပါတဲ့ Liquid Retina XDR display တို့အပြင် အရင် MacBook တွေထက် fan speed ပိုနည်းပြီး ၅၀%လေပိုပေးနိုင်တဲ့ အအေးပေးစနစ်သစ်လည်း တပ်ဆင်ထားတယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။
Photo: Apple
MacBook pro သစ်တွေမှာ 120Hz ProMotion Mini LED display နဲ့လာပြီး notch ဒီဇိုင်းသစ်သုံးလာပါတယ်။ ဘေးဘောင် bezel ပို ပါးလာပြီး Apple ရဲ့ FaceID system တော့ ပါမလာပါဘူး။ ၁၆ လက်မအရွယ် MacBook Pro သစ်ဟာ အရင် ၂၀၁၉ ထွက် ၁၆ လက်မဆိုဒ်ထက် ပိုထူလာသလို ပိုလည်း အလေးချိန်စီးလာပါတယ်။ Screen resolution ပိုင်းမှာ ၁၄ လက်မမော်ဒယ်ဟာ 3024 x 1964px နဲ့ ၁၆ လက်မမော်ဒယ်ကို 3456 x 2234px ရုပ်ထွက်နဲ့ လာပြီး မော်ဒယ်နှစ်မျိုးစလုံး mini-LED backlighting စနစ်ပါရှိပါတယ်။
ဈေးနှုန်းအနေနဲ့ ၁၄ လက်မ MacBook Pro ကို ဒေါ်လာ ၂၀၀၀ (မြန်မာငွေ သိန်း ၄၀) ကနေ ၁၆ လက်မမော်ဒယ်အတွက် အနည်းဆုံး ဒေါ်လာ ၂၅၀၀(မြန်မာငွေ သိန်း ၅၀ ခန့်) နဲ့ ရောင်းချမှာပါ။ 64GB RAM/ 8TB SSD storage ၊ 140W USB-C power adapter ၊ M1 Max chip နဲ့လာတဲ့ အမြင့်ဆုံးမော်ဒယ်ဆို ဒေါ်လာ ၆၁၀၀ (မြန်မာငွေသိန်း ၁၂၀ ခန့်နီးပါး) အထိ ပေါက်ပါတယ်။