လူငယ်အဆိုတော် တစ်ယောက်ဖြစ်တဲ့ ရဲနောင်ဟာ သာသနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။ စိတ်တွေအားလုံး ထိန်းချုပ်နိုင်ခဲ့တဲ့ နေ့ကျမှ ပြန်လာခဲ့မယ်တဲ့။
Photo : ရဲနောင် FB
လက်ရှိမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ "ဒုဋ္ဌဝတီကိုလွန်၍" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို ကိုယ်တိုင်ပုံဖော်ထားတဲ့ လူငယ်အဆိုတော် တစ်ယောက်ဖြစ်တဲ့ ရဲနောင်ဟာ သာသနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။ စိတ်တွေအားလုံး ထိန်းချုပ်နိုင်ခဲ့တဲ့ နေ့ကျမှ ပြန်လာခဲ့မယ်ဆိုပြီး စက်တင်ဘာ (၃၀) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ရဲနောင် FB
"အားလုံးကို ခဏတာ နုတ်ဆက်ခဲ့ပါတယ်။ လူပြန်ထွက်လာမှတွေ့ကြမယ်။ ဒီညစထွက်ပြီ ... စိတ်တွေအားလုံး ထိန်းချုပ်နိုင်တဲ့နေ့ပြန်လာခဲ့ မယ်။ မနက်ဖြန်ကစပြီး ဘာစားရမလဲဆိုတာ တွေးစရာမလိုတော့ဘူး။ ဘာဝတ်ရမလဲဆိုတာတွေးစရာမလို့တော့ဘူး ။ ဘာလုပ်ရမလဲ ဆိုတာ တွေးစရာမလိုတော့ဘူး။ နောက်ဆုံး ဘာဖြစ်မလဲ ဆိုတာကိုပါ တွေးစရာမလိုတောဘူး ကိုယ့်ကိုယ်ကို ပြန်ရှာရတာ အခက်ဆုံးပဲ" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။
Photo : ရဲနောင် FB
အဆိုတော်ရသရဲ့ အမှုအပေါ် နှမြောတယ်လို့ ဆိုလိုက်တဲ့ ရဲနောင်
ရဲနောင်ဟာ ဂီတအပြင် သရုပ်ဆောင်ဘက်မှာပါ ကြိုးစားလာသူ တစ်ဦးဖြစ်ပါတယ်။ "ဒုဋ္ဌဝတီကိုလွန်၍ " ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးသားထားတဲ့ ရဲနောင်ဟာ နောက်ထပ် "
ဒုဋ္ဌဝတီကိုလွန်၍ ၂" အတွက်လည်း ဆက်လက်ကြိုးစားသွားဦးမယ်လို့ သိရပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ရိုက်ကူးလို့ ပြီးသွားတဲ့ "Sleeping a wake" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ရဲနောင်အနေနဲ့ ပါဝင်သရုပ် ဆောင်ထား တယ်လို့ သိရပါတယ်။
Photo : ရဲနောင် FB
သူ့အနေနဲ့ အဲ့ဒီဇာတ်ကားအတွက် အချိန်တွေအများကြီး ပေးဆပ်ခဲ့ရသလို ဇာတ်လမ်းထဲက "Kong" ဖြစ်လာဖို့အတွက် သူ့ရဲ့ အကျင့်စရိုက ်တချို့ကို တိုက်ထုတ်ပြီး ကာရိုက်ဝင်ဖို့ ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။