(၆)ရက်တိတိ သီလရှင် ဝတ်မှာ ဖြစ်ပါတယ်။

နေခြည်ဦးက သူမပြောထားတဲ့အတိုင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ မယ်သီလရှင်ဝတ်ခဲ့ပါတယ်။ ဒီနေ့ကနေ (၆) ရက်တိတိ သာသနာ့ဘောင်ထဲမှာ တရားအားထုတ်သွားမယ်လို့ သိရပါတယ်။

Photo : နေခြည်ဦး FB



သရုပ်ဆောင် နေခြည်ဦးဟာ သူမပြောထားတဲ့အတိုင်း ဒီနေ့(ဖေဖော်ဝါရီ၁ရက်)မှာ မယ်သီလရှင် ဝတ်ခဲ့ပါတယ်။ မိသားစုနဲ့အတူ လှိုင်သာယာ၊သစ်တံခါးဆရာတော်ကျောင်းမှာ ဆံချခဲ့ပြီး ဆရာလေး နန္ဒဿနညာဏီဘွဲ့ကို ခံယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအကြောင်းကိုလည်း နေခြည်ဦးရဲ့ Beauty by Nay Chi ဖေ့စ်ဘွတ်ပေ့ချ်မှာ နေခြည်ဦးရဲ့ အဖွဲ့ဝင်များက ဖော်ပြထားပေးထားပါတယ်။ နေခြည်ဦးဟာ မွေးနေ့အမှတ်တရအဖြစ် သီလရှင်ဝတ်ဖို့ စီစဉ်ထားအတိုင်း ဒီနေ့မှာ အကောင်အထည်ဖော်ခဲ့တာပါ။

Photo : နေခြည်ဦး FB

သူမက ဖေဖော်ဝါရီ(၁) ရက်နေ့ကနေ ဖေဖော်ဝါရီ(၆) ရက်နေ့အထိ (၆) ရက်တိုင်တိုင် သာသနာ့ဘောင်ထဲမှာ တရားအားထုတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။သာသနာ့ဘောင်ထဲ ဝင်နေချိန်မှာ သူမရဲ့ Beauty By Nay Chi Page ရော၊ Nay Chi Oo အကောင့်ပါ active ဖြစ်မှာ မဟုတ်ဘူးနော်ဆိုပြီး ပြောထားပါသေးတယ်။

Photo : နေခြည်ဦး FB

နေခြည်ဦးက ဇန်နဝါရီလ ၂၅ ရက်နေ့မှာပဲ အသက် ၂၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမဟာ မွေးနေ့မတိုင်ခင်မှာ အလှူအတန်းတွေအများကြီး လုပ်ခဲ့သူပါ။ အဲ့ဒီနောက် ခေတ်သစ်ဖောင်ဒေးရှင်း ကိုလည်း အလှူငွေကျပ် သိန်း ၅၀ လှူခဲ့ပါသေးတယ်။ ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့က လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ တံတားအဆင်း၊ အလယ်ရွာမှာရှိတဲ့ အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက် က ကလေးငယ် ၂၅၁၅ ဦးအတွက် အလှူအတန်းတွေလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ သစ်တံခါးကျောင်းတိုက်မှာ ထမင်း၊ ဟင်း အလှူတွေအပြင် တခြား လှူဖွယ်ဝတ္ထုအစုစု တို့ကိုလည်း လှူဒါန်းခဲ့ပါတယ်။

Photo : နေခြည်ဦး FB

နေခြည်ဦးကို Beauty Blogger အနေနဲ့ ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲ့ဒီနောက် ပထမဦးဆုံး အနေနဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က