ပိုးအိအိခန့်က သာသနာ့ဘောင်ထဲမှာ ပျော်သလောက်နေမယ်လို့ ဆိုပါတယ်။ သူမဟာ မကြာသေးခင်က ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးပြီးစီးခဲ့သူဖြစ်ပါတယ်။
Photo: Poe Ei Ei Khant
သရုပ်ဆောင် ပိုးအိအိခန့် က ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သာသနာ့ဘောင်ထဲဝင်သွားပြီလို့ သိရပါတယ်။ သူမ ပျော်သလောက် မယ်သီလရှင်ဝတ်သွားမယ်လို့လည်း ဆိုပါတယ်။
‘’ဒီနေ့တစ်ရက်ထဲမှာပဲ ဘွဲ့နှစ်ဘွဲ့ယူလိုက်တယ်။ ပထမတစ်ခုကတော့ မဟာဥပဒေဘွဲ့ဒုတိယ ကတော့ ဆရာလေး "ရူပမာလာ" ဘွဲ့ပါ။ မနက်ဖြန်ကစလို့ ဆရာလေး facebook အသုံးပြုခြင်း ခဏရပ်ထားပြီး ပျော်သလောက် ဝတ်နိုင်သလောက် ဝတ်ဖို့လည်း စဉ်းစားထားပါတယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၅၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Poe Ei Ei Khant
ပိုးအိအိခန့်ဟာ မကြာသေးခင်က ‘’တုနှိုင်းမဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယိုဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေ(မဟာ)မေဂျာ ကို ဒဂုံတက္ကသိုလ်မှာ လေ့လာဆည်းပူးေ နတာဖြစ်ပါတယ်။
Photo: Poe Ei Ei Khant
အဲဒီနောက် ပိုးအိအိခန့်(Poe Ei Ei Khant)ကို နိုင်ငံကျော်ဘောလုံးသမား အောင်သူရဲ့ ချစ်သူအဖြစ်နဲ့ပါ ပရိသတ်တွေ ပိုမိုသိရှိ လာခဲ့ကြတာပါ။ သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးကို အားပေးသူရှိသလို ဝေဖန်သူတွေလည်း ရှိခဲ့ကြပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ အချစ်ရေး သတင်းတွေကတော့ တည်ငြိမ်လျှက်ရှိပါတယ်။