ပရိသတ်အချစ်တော် သရုပ်ဆောင် မိုးအောင်ရင် ကအေးချမ်းမှုတွေရှာဖို့ သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ မေလ ၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
Photo: Aung Yin
မိုးအောင်ရင်ကတော့ ထောင်ကလွတ်လာပြီးတဲ့နောက် ပထမဆုံးအနေနဲ့ မေလ ၁၂ ရက်နေ့က သာသနာ့ဘောင်ထဲကို ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာပါ။
‘’သာသနာ့ဘောင်မှာ ငြိမ်းချမ်းမူတွေ ရှာလိုက်ပါဦးမယ်’’ ဆိုပြီးတော့ မေလ ၁၂ ရက်နေ့ မနက် ၁၀နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ့်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ ဖခင်ဖြစ်သူ အောင်ရင်ရဲ့ Aung Yin Facebook အကောင့်မှာလည်း သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့တဲ့ မိုးအောင်ရင်ရဲ့ ဓာတ်ပုံကို Profile အဖြစ် ပြောင်းလဲထားခဲ့ပါတယ်။
Photo: Aung Yin
မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။
Photo: Moe Aung Yin
မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။