အဓိကကစားသမား ၄ ဦးကို အသင်းမှာ ဆက်နေချင်လားဆိုတာကို ရွေးချယ်ဖို့ လွတ်လပ်ခွင့်ပေးသွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ယခုရာသီကုန်မှာ အဓိကကစားသမား ၄ ဦးကို အသင်းမှာ ဆက်နေချင်လားဆိုတာကို ရွေးချယ်ဖို့ လွတ်လပ်ခွင့်ပေးသွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စပိန်သတင်းဌာန Diario AS ရဲ့ ဖော်ပြချက်အရ ဘန်ဇီးမား၊ လူကာ မိုဒရစ်၊ တိုနီ ခရူးစ်၊ နာချို ဖာနန်ဒက်ဇ်တို့ဟာ အသင်းမှာ ဆက်နေချင်တယ်ဆိုရင် ဆက်နေနိုင်ပြီး ဘာနေဗျူးမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ရင် စာချုပ်သက်တမ်းတိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘန်ဇီးမားဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ရီးရဲလ်မက်ဒရစ်အတွက် အရေးကြီးအစိတ်အပိုင်းဖြစ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အောင်မြင်မှုမှာ အဓိကကျခဲ့သူဖြစ်ပါတယ်။

ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုးပမာဏကို လိုက်မမီနိုင်သေးပေမယ့်လည်း အသင်းအတွက် သွင်းဂိုးတွေ အဓိကပါဝင်ပတ်သက်သူဖြစ်နေသေးပြီး ဘာနေဗျူးမှာ စာချုပ်သက်တမ်းတိုးပြီး ဆက်နေသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပြီး ဘန်ဇီးမားလိုပဲ မိုဒရစ်ကလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်း ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ခရိုအေးရှားကွင်းလယ်ကြယ်ပွင့်ဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ခြေစွမ်းကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ ကမာဗင်ဂါနဲ့ ချွင်မင်နီတို့လို အနာဂတ်အတွက် ရွေးချယ်စရာတွေ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူကာ မိုဒရစ်ဟာ ဘာနေဗျူးမှာ ဆက်နေဖို့ အခွင့်အရေးပေးခြင်းခံနေရဆဲဖြစ်ပြီး ယခုရာသီပြိုင်ပွဲစုံ ၂၃ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

တိုနီ ခရူးစ်က ဘာနေဗျူးမှာ ဆက်နေဖို့ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားပြီး ဂျာမန်ကွင်းလယ်ကစားသမားက ရီးရဲလ်မက်ဒရစ်မှာ အနားယူသွားချင်တယ်လို့ ပြောကြားခဲ့တာကြောင့် အသင်းမှာ ဆက်နေမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ နာချိုရဲ့ နေရာစုံကစားနိုင်စွမ်းနဲ့ အတွေ့အကြုံတွေဟာ နည်းပြ အန်ဆလော့တီအတွက် အရေးပါပြီး Diario AS ရဲ့သတင်းအရ စပိန်နောက်ခံလူအနေနဲ့ ၂၀၂၃-၂၀၂၄ ရာသီအထိ အသင်းမှာ ဆက်ရှိနေဖွယ်ရှိတယ်လို့ သိရပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၃၀ ကျော်ကစားသမားတွေကို ၁ နှစ် စာချုပ်သက်တမ်းတိုး ကမ်းလှမ်းတဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်လို့ မျှော်မှန်းထားပါတယ်။

Share

Loading Next Article...
က္က