ဆူဇူကီးက ယူနိုက်တက်ကို ငြင်းဆန်ခဲ့တာပါ။

အူရာဝါရတ်စ်ရဲ့ ဂျပန်လူမျိုး ဂိုးသမား ဆူဇူကီးက သူ့ရဲ့အနာဂတ်ကို ထည့်သွင်းစဉ်းစားရသေးတာကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ ဂိုးသမားကို ခေါ်ယူဖို့ ယူနိုက်တက်တို့ လက်ရှိနွေရာသီမှာ ကြိုးစားခဲ့တာပါ။



ယူနိုက်တက်နဲ့ အူရာဝါရတ်စ်တို့အကြားမှာလည်း ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိခဲ့ပေမယ့် ကစားသမားဘက်က ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အိုနာနာရဲ့ အရန်နေရာအတွက် အခုလိုမျိုးပဲ ဆူဇူကီးကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။

ဆူဇူကီးဟာ လာမယ့်အိုလံပစ်ပြိုင်ပွဲမှာ ဂျပန်ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရရှိရေးကို ပစ်မှတ်ထားနေတာကြောင့် ဒီကြားထဲမှာ သူ့အတွက် ပုံမှန်ပွဲကစားခွင့်က အရေးကြီးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆူဇူကီးက “ယူနိုက်တက်ဆီကနေ ကမ်းလှမ်းမှုရရှိခဲ့တာ မှန်ပါတယ်။ ဘောလုံးသမားတစ်ယောက်၊ လူတစ်ယောက်အနေနဲ့ ကျွန်တော် ဘာမှမတွေးဘဲ ယူနိုက်တက်ကို ပြောင်းချင်ခဲ့ပါတယ်”

“ဒါပေမယ့် ဒီကြားထဲမှာ ကျွန်တော့်ကို စောင့်ကြိုနေမယ့် အနာဂတ်အတွက် အချိန်ပေး စဉ်းစားခဲ့ပါတယ်။ အများကြီး စဉ်းစားခဲ့ပြီးမှ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့တာပါ။ ယူနိုက်တက်က အိုနာနာကို ခေါ်ထားပါတယ်။ ကျွန်တော့်အတွက် အရေးကြီးတာက ပွဲကစားခွင့်ဖြစ်ပြီး ကမ္ဘာ့အဆင့်မှာ ကစားခွင့်ရဖို့ကလည်း အရေးကြီးပါတယ်”

“ကျွန်တော့်အတွက် အများကြီး သင်ယူခွင့်ရမယ့်နေရာ၊ အကောင်းဆုံးလုပ်ပြနိုင်မယ့်နေရာကိုပဲ လိုချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆူဇူကီးဟာ ယူနိုက်တက်ကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အင်္ဂလန်ဘောလုံးလောကရဲ့ ထိပ်သီးလိဂ်မှာ ကစားခွင့်ရရှိတဲ့ ပထမဆုံး ဂျပန်လူမျိုးဂိုးသမားဖြစ်လာနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က