အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ၎င်းရဲ့ ပွဲကစားချိန်ကင်းမဲ့နေမှုကို ဖွင့်ဟခဲ့ပြီး နည်းပြ တန်ဟက်က ၎င်းဟာ ထိပ်တန်းဗဟိုခံစစ်ကစားသမားလို့ ပြောခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ဒုတိယအသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့အတူ ဟာရီ မက်ဂွိုင်းယားဟာ တနင်္ဂနွေနေ့က ဝင်ဘလေကွင်းမှာ ၆ နှစ်အတွင်း ပထမဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်လ်ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံလူဟာ ပွဲကစားချိန် ၈၈ မိနစ်မှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က သက်တောင့်သက်သာနဲ့ပဲ ဆုဖလား ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ ယခုရာသီမှာ လူစားဝင်ကစားသမား အခန်းကဏ္ဍကနေသာ ကစားခဲ့ရတာဖြစ်ပြီး ရာဖေးလ် ဗာရွမ်းနဲ့ မာတီနက်ဇ်တို့ဟာ တန်ဟက်လက်အောက်မှာ ဗဟိုခံစစ်အတွက် ပုံမှန်ပွဲထွက်ခွင့် ပိုမို ရရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ပြိုင်ပွဲစုံ ပွဲ ၂၀ မှာ ၉၀၆ မိနစ်သာ ကစားခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၅ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာကြောင့် အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကာရာဘောင်းဖလား ဗိုလ်လုပွဲအပြီး စကားပြောဆိုရာမှာ မက်ဂွိုင်းယားက တန်ဟက်က ၎င်းကို ပထမဦးစားပေးပွဲထွက်ကစားသမားအဖြစ် မမြင်ပေမယ့်လည်း ထိပ်တန်းကစားသမားအဖြစ် သတ်မှတ်ထားဆဲဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော်က ပွဲတွေ ကစားချင်တဲ့ ဘောလုံးသမားဖြစ်ပြီး အသင်းကိုလည်း ကူညီပေးချင်ပါတယ်။ ကျွန်တော်က အသင်းခေါင်းဆောင်ဖြစ်ပြီး ကျွန်တော့်မှာ ကွင်းတွင်း၊ ကွင်းပြင် ကြီးမားတဲ့တာဝန်ရှိပါတယ်။ အဲဒီတော့ ကောင်လေးတွေကို ကူညီရတာ ကောင်းမွန်ပါတယ်"


"နည်းပြက အင်တာဗျူးတွေမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ အမေးခံခဲ့ရပြီး သူက ကျွန်တော့်ကို ယုံကြည်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ ဒါပေမယ့် ဒါက ဘောလုံးပါ။ ပွဲထွက်ကစားနေတဲ့ ကောင်လေးတွေထဲမှာ ရာဖေးလ်က တကယ်ကောင်းကောင်း ကစားနေပြီး ကျွန်တော်တို့ နည်းပြရဲ့ အကြံအစည်ကို မြင်ခဲ့ပါတယ်။ သူ ဘာလိုချင်လဲဆိုတာ သိခဲ့တယ်။ သူက ဘယ်သန်ဗဟိုခံစစ်ကစားသမားလိုမျိုး ကစားနေတယ်။ အဲဒီတော့ ပွဲထွက်ခွင့်နေရာအတွက် ပြိုင်ဆိုင်မှု မြင့်မားပေမယ့် ဒါက မန်ချက်စတာယူနိုက်တက်ပါ"

"ကျွန်တော်တို့ ဆုဖလားတွေကို အနိုင်ရချင်တယ်။ ကြီးမားတဲ့ဆုဖလားတွေကို ရချင်တယ်။ အဲဒီလိုလုပ်ဖို့အတွက် ခင်ဗျားမှာ ယှဉ်ပြိုင်မှုရှိဖို့ လိုတယ်။ နည်းပြက ကျွန်တော့်ကို နေ့တိုင်းစကားပြောတယ်။ သူ တကယ် ကျွန်တော့်ကို လေးစားပြီး ကျွန်တော်က သူ့အသင်းထဲမှာ ကစားဖို့ အရည်အချင်းတွေအားလုံးရှိတဲ့ ထိပ်တန်းဗဟိုခံစစ်ကစားသမားလို့ ယုံကြည်ပါတယ်။ ဒါပေမယ့်လည်း ကစားနေတဲ့ ကစားသမားတွေကိုလည်း သူ နားလည်ပြီး ကစားနေတဲ့ကစားသမားတွေက အရမ်းကောင်းကောင်း ကစားနေတယ်ဆိုတာကို ကျွန်တော်လည်း နားလည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က