ပီအက်စ်ဂျီဥက္ကဌ နက်ဆာ အယ်လ် ခါလီဖီက အာဂျင်တီးနားကြယ်ပွင့်ဟာ ပဲရစ်မှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်သလို လာမယ့်နွေရာသီမှာ အယ်လ် ဟီလာလ်အသင်းကိုလည်း ပြောင်းရွှေ့နိုင်တယ်လို့ ကာတာနိုင်ငံဘုရင်ရဲ့ ညီဝမ်းကွဲတော်စပ်သူရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကာတာဘုရင်ရဲ့ ညီဝမ်းကွဲ တာမင် ဘင် ဟာမက်ဒ် အယ်လ် ဇာနီဟာ လီယွန်နယ် မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးအနေနဲ့ ရွေးချယ်စရာ ၂ ခုရှိနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "ပီအက်စ်ဂျီမှာပါ။ ဒါပေမယ့် ဆော်ဒီအာရေဗျမှာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်"လို့ အဖြေပေးခဲ့တာဖြစ်ပြီး အယ်လ် ဇာနီရဲ့ ပြောစကားသာအမှန်တကယ်ဖြစ်မယ်ဆိုရင် လီယွန်နယ် မက်ဆီအနေနဲ့ အသင်းဟောင်း ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့နိုင်ခြေရော မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီကို ပြောင်းရွှေ့နိုင်ခြေပါ မရှိတော့ဘူးလို့ ယူဆရပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း ပြင်သစ်ချန်ပီယံတွေဟာ အာဂျင်တီးနားကြယ်ပွင့်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပြီး ပီအက်စ်ဂျီဥက္ကဌ နက်ဆာ အယ်လ် ခါလီဖီက အာဂျင်တီးနားကြယ်ပွင့်ဟာ ပဲရစ်မှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အယ်လ် နက်ဆာရဲ့ ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းက လီယွန်နယ် မက်ဆီကို ကြီးမားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းသွားဖို့ စိတ်ဝင်စားနေတယ်လို့ ကြာသပတေးနေ့မှာ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ဖခင်ဖြစ်သူ ဂျော့ဂျ် မက်ဆီက ဆော်ဒီ အာရေဗျကလပ်အသင်းနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က