လေ့ကျင့်ရေးက လုပ်အားနှုန်းကို အမ်မရီက သဘောမကျဖြစ်နေတာပါ။

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ဟာ အသင်းကနေ အတင်းအကြပ်ရောင်းထုတ်ခံရမှာကို စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နည်းပြအမ်မရီဟာ ယခုရာသီမှာ အိုဇေးလ်ကို ပွဲထွက်ကစားသမားစာရင်းမှာ လစ်လျူရှုထားပြီး အိုဇေးလ်ဟာ ပြိုင်ပွဲစုံမှာ ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိထားတာဖြစ်ပါတယ်။ အိုဇေးလ်က လန်ဒန်မှာ ပျော်ရွှင်နေပြီး အသင်းကနေ ထွက်ခွာလိုခြင်းမရှိဘူးလို့ သိရပါတယ်။

Mirror ရဲ့ ဖော်ပြချက်အရ အမ်မရီဟာ အိုဇေးလ်နဲ့ပတ်သက်ပြီး ၎င်းရဲ့ ဆုံးရှုံးမှုတွေကို ဖြတ်တောက်ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ အမ်မရီဟာ လေ့ကျင့်ရေးမှာ အိုဇေးလ်ရဲ့ စိတ်သဘောထားခံယူချက်ကို လုံးဝ စိတ်ပျက်နေခဲ့တယ်လို့ သိရပါတယ်။

အိုဇေးလ်ရဲ့ လေ့ကျင့်ရေးနဲ့ ပွဲစဉ်အတွင်းက လုပ်အားနှုန်းဟာ အမ်မရီအတွက် အဓိကစိုးရိမ်ပူပင်စရာဖြစ်နေပြီး အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အိုဇေးလ်ဟာ အာဆင်နယ်အရန်လူစာရင်းမှာ ပါဝင်ဖို့တောင် ရုန်းကန်နေရတာဖြစ်ပါတယ်။



အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီလမှာ အိုဇေးလ်ကို ရောင်းထုတ်လိုနေပြီး ဒါပေမယ့် ၎င်းရဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ က အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် အဓိကအဟန့်အတားဖြစ်နေဦးမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက အိုဇေးလ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာစေချင်တဲ့အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ရင် အိုဇေးလ်ရဲ့လစာတစိတ်တပိုင်းကိုပါ ပေးသွားဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး နည်းပြအမ်မရီက အိုဇေးလ်ကို ချန်လှပ်ခဲ့တာဟာ အခြားလူငယ်ကစားသမားတွေက ပွဲထွက်ခွင့်ရဖို့ ပိုမိုထိုက်တန်တာကြောင့်ဖြစ်တယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က