ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဖူလ်ဟမ်တိုက်စစ်မှူးဟာ မိနစ် ၉၀ မှာ ဆာဘီးယားအတွက် သမိုင်းဝင်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ကာတာကို အရောက်သွားနိုင်မယ့် လက်မှတ်ကို ရယူပေးခဲ့ကာ ဆာဘီးယားကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရရှိစေခဲ့ပါတယ်။ 


ဆာဘီးယားကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ အရောက်ပို့ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးမီထရိုဗစ်က သူတို့အသင်းက ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တယ်လို့ ပေါ်တူဂီကို အနိုင်ယူအပြီးမှာ ပြောဆိုလိုက်ပါတယ်။ ဖူလ်ဟမ်တိုက်စစ်မှူးဟာ မိနစ် ၉၀ မှာ ဆာဘီးယားအတွက် သမိုင်းဝင်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ကာတာကို အရောက်သွားနိုင်မယ့် လက်မှတ်ကို ရယူပေးခဲ့ကာ ဆာဘီးယားကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရရှိစေခဲ့ပါတယ်။ 

ပေါ်တူဂီကတော့ အုပ်စုဒုတိယနေရာသာရရှိခဲ့ပြီး ပလေးအော့ကစားရတော့မှာလည်း ဖြစ်ပါတယ်။ ပွဲအပြီး Serbia Nova Television နဲ့ တွေ့ဆုံခဲ့မှုမှာ မီထရိုဗစ်က "ဒီကို ကျွန်တော်တို့ အကောင်းဆုံးကစားဖို့အတွက် ရောက်လာခဲ့တာဖြစ်ပြီး ပိုကောင်းတဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်၊ ပြီးတော့ အရာအားလုံးကို ရယူနိုင်ခဲ့ပါတယ်၊ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်တွေရရှိခဲ့ပြီး ပေါ်တူဂီကို ကျော်ဖြတ်နိုင်မယ်လို့လည်း ယုံကြည်ချက်ရှိခဲ့တာပါ"


"ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်" လို့ မီထရိုဗစ်က ပြောဆိုသွားခဲ့ပါတယ်။ ဆာဘီးယားဟာ ပွဲချိန်တွင်း အချက်အလက်မှတ်တမ်းတွေမှာလည်း ပေါ်တူဂီထက် နေရာတိုင်းမှာ အသာစီးရရှိခဲ့တာဖြစ်ပြီး နိုင်ပွဲကို ထိုက်ထိုက်တန်တန်နဲ့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာဘီယားကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပထမဆုံးပို့ဆောင်ပေးနိုင်တဲ့ နည်းပြဖြစ်လာသူ ဒရာဂန်စတော့ကိုဗစ်ကလည်း အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။ 

"ဒီနေ့ညမှာ နိုင်ပွဲနဲ့ ကျွန်တော်တို့ ထိုက်တန်ခဲ့ပါတယ်၊ ကျွန်တော့်ကောင်လေးတွေက သူတို့ရဲ့ စရိုက်လက္ခဏာတွေကို ပြသနိုင်ခဲ့ပြီးတော့ ဆာဘိးယားဘောလုံးလောကအတွက် ကြိးမားတဲ့ အောင်မြင်မှုကြီးပါပဲ၊ အပြင်းထန်ဆုံးဖိအားတွေအောက်မှာ ရင့်ကျက်မှုနဲ့ တည်ငြိမ်မှုကို ပြသခဲ့ပါတယ်၊ တကယ်လို့ ၁-၁ သရေကျခဲ့ရင်လည်း ကျွန်တော်ဒီတိုင်းပဲပြောပြီး ပလေးအော့ပွဲကစားသွားမှာပါ" လို့ ဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က